Chapter 162+163

228 30 0
                                    

Unicode

Chapter 162 : The Law of Decline and Fall...
ယိုယွင်းပျက်စီးခြင်းဥပဒေ...

ထျန်းမိုဟောက်ယွီ မိတ်ဆက်စကားပြောလိုက်ချိန် အဆင့်−၂၀ ဖြစ်နေသည်မို့ စိတ်သက်သာရာရသွားသည်ကတစ်ပိုင်း . သူ့ရဲ့စကားသံကို ကြားလိုက်ရအပြီး လန်ကော နှင့် ဖာ့ဟွားရင်ထဲမှာ လေးလံလို့လာတယ်... ဖိအား က အပြင်ဖက်ကနေ ဖိနှိပ်လာတဲ့ ဖိအားမျိုးမဟုတ်ပဲ.. သူတို့ရင်ထဲမှာတိုက်ရိုက်ပေါ်လာတဲ့ လေးလံမှုမျိုး...

ထျန်းမိုဟောက်ယွီက စကားများများပြောလေ့ရှိသူတစ်ယောက်ဟုတ်ပုံမရ.. သူက မိတ်ဆက်စကားဆိုအပြီး ဘာစကားအပိုမှထပ်မပြောတော့ပဲ သူ့နောက်မှာ မူရင်းမိစ္ဆာသဏ္ဍာန် ကို ချက်ချင်းဆင့်ခေါ်လိုက်၏..

ဖာ့ဟွားလန်ကော တို့ မြင်ခဲ့ဖူးသည့် ထျန်းမိုတွေရဲ့မူရင်းမိစ္ဆာပုံစံတွေထဲ ထျန်းမိုဟောက်ယွီ၏ မိစ္ဆာပုံစံက အထူးခြားဆုံး! ဘာလို့ဆို သူ့ရဲ့မိစ္ဆာပုံစံသည် ရိုးရှင်းပြီးလူပုံစံ နှင့် တူနေလို့ပဲ... လူမိစ္ဆာပုံစံသည် ထျန်းမိုဟောက်ယွီရဲ့ အနောက်မှာ ကပ်လျက်လေထဲမှာ မျောလွင့်လို့နေတယ်... မိစ္ဆာ၏မျက်နှာပေါက် သည်ပင် ဟောက်ယွီ၏မျက်နှာပုံစံနှင့် ဆင်တူနေပြီး ကွာခြားသည့်နေရာဆိုလို့ မိစ္ဆာ၏ ပါးစပ် နှင့် မျက်လုံး ဒေါင့်စွန်းတို့သည် အောက်ကိုစိုက်ကျနေကာ ငိုမဲ့မဲ့ ၊ မသာမယာ မျက်နှာမျိုးဖြစ်နေတာတစ်ခုပဲ ... သိသာသည့် ပြောင်းလဲမှုက မိစ္ဆာပုံစံကိုဆင့်ခေါ်လိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ လေထုတို့သည် မီးခိုရောင်အဖြစ်ပြောင်းသွားလဲလို့သွား၏..

ငိုမဲ့မဲ့မိစ္ဆာက ထျန်းမိုဟောက်ယွီ၏အနောက်မှာ ရပ်နေရင်း ခေါင်းကိုအသာငဲ့စောင်းလျက် မျှော်လင့်ချက်မဲ့နေသော သေခါနီးလူတစ်ယောက်လို မျက်နှာဘေးဖြင့် ဖာ့ဟွားနှင့်လန်ကော ကို လှမ်းကြည့်နေတယ်...

"ဟင်း....."
ထျန်းမိုဟောက်ယွီ ဆီကနေ သက်ပြင်းချသံတစ်ချက်ထွက်လာချိန် သူ့နောက်ရှိ မိစ္ဆာသည် ပုံရိပ်ယောင်တစ်ခုလို ပြောင်းလဲလို့သွားပြီး ဖာ့ဟွားနှင့်လန်ကော တို့ ရင်ထဲလေးလံနေမှုတွေက သက်ပြင်းချသံတစ်ချက်မှာ ပို၍ပင် လေးလံလို့လာ၏... သာမာန်လေးလံမှုမျိုးတောင်မဟုတ်... ဝမ်းနဲမှုတွေပြည့်နေသည့် ရင်လေးနေမှုမျိုးဖြစ်တယ်...

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Where stories live. Discover now