Chapter 11+12

422 76 6
                                    

Chapter 11 : The Sea Dragons...
((ပင်လယ်နဂါးများ...))

အဆုံးမဲ့/အနန္တပင်လယ်ပြာ ထဲဝယ် ရွက်၃ဆင့် ပါ ရွက်လှေကြီးတစ်စင်း အရှိန်အဟုန်ကောင်းစွာ ရွက်လွှင့်လျက်ရှိနေတယ်...

ဖာ့ဟွား သူ့အခန်းငယ်ထဲတွင် ငြိမ်သက်စွါ တင်ပလ္လင်ခွေထိုင်နေရင်း ကျမ်းကျင့်ကြံနေသည်... သူ့ရဲ့ရှေ့မှာ နတ်ဘုရာရချီးမြင့်သည့်ကျမ်းစာအုပ် ၊ ပထမစာမျက်နှာက ပွင့်လျက်ရှိနေပြီး ရောင်စဉ် (၇)ရောင် ဖြာထွက် လင်းလက်လျက် ...

ဖာ့ဟွားနေရာမှာ အမိန့်နိုင်ငံတော်ရှိ သန်မာသည့်ကျင့်ကြံမှုအဆင့်ရှိသူအတော်များများဆိုလျှင် ပထမစညမျက်နှာ - အဆင့်(၇) ဆင့် ရောက်ပြီဆိုသည်နှင့် ပထမစာမျက်နှာကို ဆက်မကျင့်တော့ပဲ စိတ်ကျေနပ်နေကြပြီ ... စာမျက်နှာ တစ်မျက်နှာတိုင်းအတွက် ပိုမြင့်သော အဆင့်တက်နိုင်ဖို့ဆိုတာ အင်မတန့် အင်မတန်ကို ခက်ခဲလွန်းလှသည်လေ ...

ဒါပေမဲ့ ဖာ့ဟွား ကတော့ ဆန့်ကျင်ဖက် ... သူ့ရဲ့ အချိန် ၊ ပင်ပန်းမှုတွေကို ရင်းပြီး ကျမ်းထဲက စွမ်းအင်တွေကို သူရနိုင်သလောက်ထိ အလျော့မပေးပဲ ကျင့်ကြံယူမည့်သူ ဖြစ်တယ်...

လန်ကော နဲ့ တိုက်ခိုက်ခဲ့ချိန်တွေမှာ ... နှစ်ယောက်စလုံးက စွမ်းအင်အကုန်ထုန်သုံးထားကြတာတော့မဟုတ်ခဲ့ပေမဲ့ ... ဖာ့ဟွား အတပ်သိနေတယ်... တစ်ယောက်ချင်းစွမ်းရည်မှာ
သူတို့အမိန့်နိုင်ငံတော်က အပြာရောင်နယ်မြေ နဲ့ ယှဉ်ရင် အားနဲလှ၏...

ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်ဖြစ်သည့် တုနှိုင်းမဲ့ ပုလဲကို သူ မရခဲ့ပေမဲ့ ၊ သူ့မှာ အမြန်နှုန်း နဲ့ ပတ်သက်လာရင် အတော်ပြသနာရှိကြောင်း .. သူ့အားနည်းချက်ကို ရှာဖွေတွေ့ရှိခဲ့တယ်...

ဖာ့ဟွား ကို သူ့မွေးစားအဖေ ဖာ့ယွင် ပြောဖူးတယ် - ကျမ်းစာရွက်တွေကို အဆင့်-၁၀ အထိ ရောက်အောင် လေ့ကျင့်နိုင်ခဲ့ရင် ကြီးမားတဲ့ ပြောင်းလဲမှု ရှိလာနိုင်မယ်တဲ့ ... သို့သော်လည်း ဖာ့ယွင် ကိုယ်တိုင်တောင် ပထမစာရွက်ကို အဆင့်-၈ ထိပဲ လေ့ကျင့်ဖူးသူမို့ အဆင့်-၁၀ ကျော်ရင် ဘာဖြစ်လာနိုင်သည်ကို မသိ...

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Tahanan ng mga kuwento. Tumuklas ngayon