Chapter 73+74

239 34 2
                                    

Chapter 74 : The Ambition of the Twelve Level?
အဆင့်-၁၂ ဖြစ်လာခဲ့ရင် ...

ဖာလန်ဂြိုလ်ပေါ်မှာ နေထိုင်ကြသည့် မျိုးနွယ်စုတိုင်း ၊ အင်အားကြီးအိမ်တော်တိုင်းရဲ့ ရည်မှန်းချက်က နတ်ဘုရားအဆင့် ကို တက်လှမ်းနိုင်ဖို့ပါပဲ ...
ကျင့်ကြံမှု အဆင့်-၁၀ ကျော်သူတိုင်းဟာ နတ်ဘုရားအဆင့် (God Level) ရောက်သွားသူတွေဖြစ်တယ် ...
အဆင့် - ၁၀ ကို ကြယ်နတ်ဘုရား.(Star God Level)
အဆင့် - ၁၁ ကို လနတ်ဘုရား.(Moon God Level)
အဆင့် - ၁၂ ကို နတ်ဘုရား သို့မဟုတ် အကြီးဆုံးနတ်ဘုရား. (Highest God Level)
ဟု သတ်မှတ်ထားကြသည်...

မျိုးနွယ်စုတစ်ခုစီ ၊ အိမ်တော်တစ်ခုစီအလိုက် အခေါ်အဝေါ်ပြောင်းလဲမှုတွေရှိပေမဲ့ ယေဘုယျအားဖြင့် ထိုအဆင့်ကျင့်ကြံသူတွေကို နတ်ဘုရား ဟု အသိအမှတ်ပြုတာများသည်...

ရှူဟိုင် အတွင်းစည်း အကြီးအကဲတွေရဲ့ အရှေ့မှာ ရပ်နေသည့် အဆင့်-၃ အကြီးအကဲ အမျိုးသမီးသည် လက်ရှိဖာလန်ဂြိုလ်တွင် အမြင့်ဆုံးအဆင့် ၊ အဆင့်-၁၂ နတ်ဘုရား အဖြစ်ကို တက်လှမ်းနိုင်ဖို့ တစ်ဆင့်သာလိုတော့သည့် အဆင့်-၁၁ ၊ လနတ်ဘုရားအဆင့်ရောက်နေသူတစ်ယောက်ဖြစ်တယ် ..

ဘယ်မျိုးနွယ်စု ၊ ဘယ်အိမ်တော် မှာပဲဖြစ်ဖြစ် ... စွမ်းအားအကြီးဆုံးသူကသာ အုပ်ချုပ်သူ ဖြစ်လာမယ် ဆိုတာ သဘာဝပါပဲ ... ရေခဲခေတ်မှာ နတ်မိစ္ဆာတွေ ဘာကြောင့်အုပ်ချုပ်နိုင်ခဲ့တယ်ထင်လဲ??
နတ်မိစ္ဆာမျိုးနွယ်ထဲမှာ နတ်ဘုရားအဆင့် ၊ အဆင့်-၁၂ တွေ ရှိခဲ့လို့ပဲပေါ့ !
သူတို့ အသက်ရှူထုတ်လိုက်တဲ့ လေ လေးကတောင် ဂြိုလ်တစ်ခုလုံးကို သက်ရောက်သွားစေနိုင်တဲ့အထိ စွမ်းတယ် ..

ရှူဟိုင်မျိုးနွယ်စုမှာ အမြင့်ဆုံး အကြီးအကဲ (၃)ယောက် သည် လနတ်ဘုရားအဆင့် ၊ အဆင့်-၁၁ တွေ အဖြစ်ရှိနေချိန် ... ကြယ်နတ်ဘုရားအဆင့် ၊ အဆင့် - ၁၀ (၃) ယောက်သာ ရှိသည့် လူသားမျိုးနွယ်တွေ အနေနဲ့ ဘယ်လိုမှ လက်လှမ်းမမှီနိုင်တဲ့ အနေအထားပါပဲ ...

ဒါဆိုရင် မြေအောက်ကမ္ဘာ ၊ ပုရွတ်ဆိတ်မျိုးနွယ်စု ထဲကနေ လနတ်ဘုရားအဆင့် တောင်မဟုတ် ၊ နတ်ဘုရားအဖြစ် ထွက်ပေါ်လာတော့မယ်ဆိုတဲ့ သဘောက ... !!?
စိမ်းလန်းသောအသက်ပင်လယ် ရဲ့ အုပ်ချုပ်ရေးကိုအလှည့်အပြောင်း ဖြစ်လာနိုင်စေမဲ့အပြင် ပုရွတ်ဆိတ်တွေက မြေအောက်မှာပဲ ပုန်းခိုမနေတော့ပဲ မြေပြင်ပေါ်တက် ၊ ကျူးကျော်စစ် တွေ စနိုင်သည် !
ပုရွတ်ဆိတ်မျိုးနွယ် နတ်ဘုရား တစ်ပါး ကို ရှူဟိုင်မျိုးနွယ်ရဲ့လနတ်ဘုရား(၃)ပါး က ဘယ်လိုမှ ယှဉ်ပြိုင်တိုက်ခိုက်နိုင်မည်မဟုတ်...

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Where stories live. Discover now