Chapter 69+70

233 32 1
                                    

Chapter 69 : Life Stab...
အသက်အန္တရာယ်နဲ့ကြုံချိန်...

အစိမ်းရောင်အရည်ပျစ်ပျစ်တွေ??
အဲ့ဒီအရည်တွေက သလင်းစိမ်းကိုတောင် အရည်ပျော်ကျသွားစေတယ်!
အက်ဆစ်တွေပဲ !!
ပုရွတ်ဆိတ်အက်ဆစ်တွေ!!

ရှေ့က ဒိုင်းကို ပုရွတ်ဆိတ် အာရုံစိုက် ခဲနေစဉ် ၊ ဖာ့ဟွား ဓါးကိုဆင့်ခေါ်ပြီး ပုရွတ်ဆိတ်ရဲ့ခါးနေရာကို ပိုင်းချပစ်တယ် ..
ခါးနေရာဟာ မြေအောင်းပုရွတ်ဆိတ်တွေအတွက် အဓိကပျော့ကွက်နေရာဖြစ်တာမို့ "ဂျွတ်" ခနဲ အသံမြည်ပြီး ကိုယ်နှစ်ခြမ်းပြတ်ကာ အစိမ်းရောင်အရည်တွေ စင်ထွက်လာတယ် ...
အစိမ်းရောင်အရည်တွေမှာ အနံ့အသက် လုံးဝ မရှိဖူး ...
ကိုယ်နှစ်ပိုင်းပြတ်ထွက်သွားပြီဖြစ်ပေမဲ့ ဖာ့ဟွားက သတိတစ်ချက်အလွတ်မခံ ၊ ပုရွတ်ဆိတ်ရဲ့ခေါင်းကို ဓါးဦးချွန်နဲ့ ဂူကြမ်းပြင်မှာ ကပ်နေအောင်ထိုးစိုက်ချပစ်တယ် !

မြေအောင်းပုရွတ်ဆိတ်တွေက အတော်တော့အသက်ပြင်းပုံရကာ ခေါင်းမှာ ဓါးထိုးစိုက်ခံထားရတာတောင် ရုန်းကန်လှုပ်ရှားနေပြီး တစ်မိနစ်လောက်ရှိမှ ငြိမ်သက်လို့သွားတယ် ..

ပုရွတ်ဆိတ်ရဲ့ တိုက်ရည်ခိုက်ရည် ၊ ခံနိုင်ရည်ကို ဖာ့ဟွား သုံးသပ်ကာ -
"အနဲဆုံး အဆင့်-၄ မှာရှိတယ်"

အဆင့်-၄ လူသားတစ်ယောက်ထပ် ပုရွတ်ဆိတ် အဆင့်-၄ က ခွန်အားမှာပိုသာနိုင်မယ်ဆိုပေမဲ့ ပုရွတ်ဆိတ်က ဥာဏ်ရည်တော့ အတော်နိမ့်တယ် ...

ဖာ့ဟွားနှင့်လန်ကော ပုရွတ်ဆိတ်အသေကောင်ကိုကြည့်နေရင်း ...
ပုရွတ်ဆိတ်ရဲ့ ခန္ဓာကိုယ်က အရိုးခြောက်ဖြစ်သည့်အထိ သူ့အလိုလို အရည်ပျော်ကျ ပျက်စီးသွားပြီး အစိမ်းရောင်လင်းနေသည့် ဘဲဥပုံအမြီးပိုင်းကတော့ တဖြေးဖြေးနှင့် မာကျောလာကာ ရှည်မျောမျောသဏ္ဍာန်ရှိသည့် အစိမ်းရောင်ပုံဆောင်ခဲ ၊ သလင်းကျောက်တစ်တုံးအဖြစ်ပြောင်းသွားခဲ့သည် !

ဖာ့ဟွား ထိုသလင်းစိမ်းကိုကောက်ယူကြည့်တော့ အရွယ်အစားက လက်နှစ်လုံးစာရှိပြီး ထိပ်မှာ ချွန်မြနေ၏ ... အာရုံခံစားကြည့်ရုံနဲ့ ထိုသလင်းစိမ်းထဲမှာ အသက်စွမ်းအင်တွေ ရှိနေတာကိုလည်း သိနိုင်သည်...

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Where stories live. Discover now