Chapter 51+52

352 42 0
                                    

Chapter 51 : Elemental Sea and Source Page...
ဒြပ်စင်ပင်လယ် နှင့် ကျမ်း ပင်ရင်း...

နောက်တစ်နေ့မှာ အပြာရောင်နယ်မြေသို့ ခရီးစရန် လန်ကော ရွက်လှေပေါ်တက်ခဲ့တယ် ... ဖာ့ဟွားက ဥာဏ်ပညာမြို့တော်တွင် ဆင့်ခေါ်အမှတ်အသားချန်နိုင်ရန်အတွက် နေရစ်ခဲ့ပြီး ရွက်လှေ ပင်လယ်ထဲအတော်ဝေးဝေးကိုရောက်မှ လန်ကောက လှေပေါ်ကနေ ဖာ့ဟွားကို မန္တာန်သုံးပြီး ဆင့်ခေါ်တယ် ... ထိုကဲ့သို့ ဆင့်ခေါ်အမှတ်အသားကိုသေချာ ချန်ထားခဲ့မှသာလျှင် ကောင်းကင်နတ်ဆိုးတွေနဲ့ မတော်တဆ ရင်ဆိုင်လာခဲ့ရပါက တုနှိုင်းမဲ့ပုလဲကိုသုံးပြီး လွတ်မြောက်နိုင်မည်ဖြစ်သည်...

ရွက်လှေစီးပြီး ခရီးအတူထွက်ဖူးတာ ပထမဆုံးအကြိမ်မဟုတ်ပေမဲ့ ဒီတစ်ကြိမ်မှာတော့ အခန်းထဲမယ် စိတ်မကောင်းစရာ ၊ ဝမ်းနဲစရာ အငွေ့အသက်ဖိအားတွေရှိနေတယ်...

"လေ့ကျင့်ကြမယ်... ခရီးစဉ်တစ်လျှောက် ငါတို့ လေ့ကျင့်ပြီး သွားကြရအောင်"
ဖာ့ဟွားရဲ့အကြံပြုချက်ကို လန်ကော ခေါင်းငြိမ့်လက်ခံ၏... ကျင့်ကြံရေးလုပ်ခြင်းတစ်ခုတည်းကသာ သူ့ရင်ထဲက နာကျင်မှုတွေကို မေ့ဖျောက်နိုင်ဖို့ ကူညီပေးလိမ့်မည်...

လက်ဖဝါး ၂စုံထိတွေ့လိုက်သည်နှင့် စွမ်းအင်တို့က ၂ဆပွါးလာပြီး စတင်လှည့်ပတ်တယ်...ပင်လယ်ပြင်ပေါ်မှာ ရောက်နေသည့်အတွက် ယခုကျင့်ကြံမှုတွင် လန်ကော က ရေဒြပ်စင်ကိူ အဓိကထားကာ သဘာဝတရားနှင့် အရှိတရားအတိုင်း လိုက်လျောညီထွေစွါ လေ့ကျင့်တာက အကောင်းဆုံးပါပဲ ...
လန်ကော ခန္ဓာကိုယ်တစ်ခုလုံး အပြာရောင်တောက်နေပြီး သူ့ရဲ့ ရေဒြပ်စင်စွမ်းအင်တွေက ဖာ့ဟွားကိုယ်ထဲကို ငြင်သာစွါ ဝင်ရောက်လို့သွားတယ် ...
ဖာ့ဟွားရဲ့ရှေ့တွင် ကျမ်းစာအုပ်က ပထမစာမျက်နှာကို လှန်လျက်အနေအထား ၊ ရောင်ခြည် (၈)ရောင် တို့က ယခင်ကထပ် ပိုမိုသိပ်သည်းတောက်ပလို့နေတယ်...

ကျင့်ကြံမှုစပြီး သိပ်မကြာခင်မှာပဲ လန်ကော နှင့် ဖာ့ဟွား ပစ္စုပ္ပန်အချိန် ၊ အရာရာကို မေ့ပျောက်သွားကာ ကျင့်ကြံမှုထဲ စီးမျောဝင်သွား၏...
စျာန်ဝင်သွားတာ မည်မျှကြာသွားသည်မသိ ... တစ်ယောက်ယောက်က သူ့နာမည်ကို လှမ်းခေါ်နေသည်ကို လန်ကော ကြားလိုက်ရတယ်'..
ခံစားရတာ ... ထူးဆန်းနေတယ်... သူ့ခန္ဓာကိုယ်တစ်ခုလုံးက နွေးထွေးနေပြီး အရောင်စုံတဲ့ ကမ္ဘာသစ်တစ်ခုဆီကို ရောက်သွားသလို ..

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Where stories live. Discover now