Chapter 23+24

358 54 3
                                    

Chapter 23 : Water Swallowing

လန်ကော နှုတ်ခမ်းထက်တွင် ဂုဏ်ယူသည့် အပြုံးတစ်ခု ချိတ်ဆွဲလို့နေသည်..
သူ အခုသုံးမဲ့ ဒြပ်စင်ကျင့်စဉ်က ရေမြို့တော် အရှင်ကိုယ်တိုင်တောင်မှ မြင်ဖူးမည်မဟုတ်...

ဒြပ်စင်ကျင့်စဉ်အသစ်အတွက် လန်ကော ပေးထားသည့်နာမည်က - ဝါးမြို ရေဒြပ်စင် ...

ကောင်းကင်ရဲ့မျက်နှာသာပေးခြင်းခံရသော ကောင်းကင်သားတော်တိုင်း ပါရမီရှင်ဖြစ်ကြသည်မဟုတ်...
လန်ကော ကို ပါရမီရှင် လို့ သမုတ်ကြခြင်း မှာ အကြောင်းရှိတယ် ... သူက ဒြပ်စင် (၄)မျိုးကို ချီးမြှင့်ခြင်းခံထားရရုံတင်မက ထိုဒြပ်စင်(၄)မျိုးကို အမျိုးမျိုးပေါင်းစပ်ပြီး သူ့ကိုယ်ပိုင် ဒြပ်စင်ကျင့်စဉ် နည်းလမ်းတွေကို တီထွင်ထုတ်နိုင်သည့် သူ တစ်ယောက်မို့ ...
လန်ကော ရဲ့ ဒြပ်စင်တွေအပေါ် နားလည်နိုင်စွမ်းက အတော်လေးနက်နဲကျယ်ပြန့်သည်...

ဝါးမြိုရေဒြပ်စင် ကျင့်စဉ် က နာမည်အတိုင်း ရေဒြပ်စင်ကနေ သေချာဖန်တီးထားခြင်းဖြစ်တယ် ... ရေဓါတ် သဘာဝကိုက ရောစပ်နိုင်ခြင်း ဖြစ်၏... လောင်မြိုက်စေသော မီးဓါတ်နှင့်လည်း မတူ ၊ လွတ်လပ်စွာ လွင့်မျောနေတတ်သော လေဓါတ်လိုလည်း မဟုတ် ၊ မိုးကြိုးလို ပြင်းထန်မှုလည်း မရှိ...
ရေဒြပ်စင်မှာ တည်ငြိမ်မှု ၊ ရောစပ်နိုင်မှု ဆိုတဲ့ တခြားဒြပ်စင်တွေမှာ မရှိသည့်အရာရှိနေတယ်...
ဒီထူးခြားချက်တစ်ချက်ကို အခြေခံပြီး လန်ကော ဝါးမြိုရေဒြပ်စင်ကျင့်စဉ် ကို ဖန်တီးနိုင်ခဲ့ပြီး သူ့ကျင့်စဉ်က တခြားဒြင်စင်တွေနဲ့ ဖန်တီးထားတဲ့ ကျင့်စဉ်တွေကို ယာယီ ခဏတာ ဝါးမြိုနိုင်စွမ်းရှိတယ် ...

အထူးသဖြင့် မီး ၊ လေ ၊ မိုးကြိုးတို့အပေါ်မှာ ပိုအကျိုးသက်ရောက်မှုရှိ၏... ထိုဒြပ်စင် (၃)မျိုးကို လန်ကော ပိုင်ဆိုင်ထားသည်မို့ ထို(၃)ခုအပေါ် သူသေသေချာချာ လေ့ကျင့်စမ်းသပ်ထားနိုင်သည်လေ...

သူ့ပြိုင်ဖက်တွေက ဖုန်းထျန်းယွင် ဖုန်းထျန်းလု လေဒြပ်စင် အမွှာဆိုတာသိလိုက်သည်နှင့် သူ့ကိုယ်ပိုင် ဖန်တီးမှုကို အသုံးချဖို့ ပွဲစကတည်းက စီစဉ်ခဲ့သည်...

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Where stories live. Discover now