Chapter 120+121+122(ZawGyi)

125 4 0
                                    

Chapter 120 : Divide the autumn color equally...

ပထမ - ပုရွတ်ဆိတ်ရုပ်ထု နှင့် သက်ဆိုင်ရာ သလင်းနီနယ်မြေ
ဒုတိယ - ကျားရုပ်ထု နှင့် သက်ဆိုင်ရာနယ်မြေ
အတွေ့အကြုံ (၂) ခု အရ ဘိုးဘွားနန်းဆောင်ထဲရှိ သူတို့မြင်ခဲ့သော သားရဲရုပ်ထုတွေအကုန် သူတို့နှင့်သက်ဆိုင်ရာ နယ်မြေတွေရှိကြသည့်ပုံပါပဲ ...
မိစ္ဆာတွေက အင်မတန်ကို အင်အားကြီးခဲ့ကြတယ် ... ကပ်ဘေးမှာ သေဆုံးသွားခဲ့ပြီဖြစ်တာတောင် သူတို့ရဲ့မျိုးဆက်သစ်တွေအတွက် အကျိုးပြုပေးနေတုန်းပဲ !

// ဝေါင်း //
ကျားဟိန်းသံနှင့်အတူ ဟူရုံရုံ ထုတ်လွှတ်လိုက်တဲ့ ရွှေရောင်ကျားလက်သည်း ပုံရိပ်ယောင်တစ်စုံက ဖာ့ဟွားကို လှမ်းကုတ်ခြစ်ဖို့ ကြိုးစားပေမဲ့ ဖာ့ဟွားကျမ်းစာအုပ် ၊ ဒုတိယစာမျက်နှာ ၊ ဥာဏ်ပညာဒိုင်းကို ဆင့်ခေါ်ပြီးသွက်လက်စွါ ခုခံလိုက်၏ !

// ထျန်း //
ကျားလက်သည်းနှင့်ဒိုင်း ထိခတ်သံတို့က ပဲ့တင်ထွက်လာပေမဲ့ ၊ ခုခံသူ ဖာ့ဟွား ခြေတစ်လှမ်းပင် နောက်ရွေ့မသွားခဲ့တာကြောင့် ဟူရုံရုံ အံ့အားသင့်နေမိတယ် !
သူတို့နောက်ဆုံးတွေ့ခဲ့တာ လတချို့ပဲ ရှိသေးပေမဲ့ ၊ ဖာ့ဟွားရဲ့အစွမ်းက နဲနဲလေးတောင် မဟုတ်ပဲ အများကြီးတက်လာခဲ့တယ် !
ဒါတင်မက ဖာ့ဟွားရဲ့ ဒိုင်းက ၆ခု ပွါးထွက်လာပြီး သူမပတ်ပတ်လည်ကို ပိတ်ဆို့လာဝန်းရံရုံမက ၊ ဖာ့ဟွားရဲ့လက်တစ်ဖက်မှာလည်း ဓါးတစ်ချောင်းပေါ်လာတာကို သူမတွေ့လိုက်တယ် ...
ဖာ့ဟွားရဲ့ဓါး သူမရဲ့ ရွှေရောင်ပုံရိပ်ယောင်လက်သည်းကို ထိုးစိုက်လိုက်ချိန် ၊ လက်သည်းပုံရိပ် တဖြေးဖြေးနှင့်အားနည်းလာပြီး ဖာ့ဟွားရဲ့ဓါးအရွယ်အစား ပိုပိုကြီးလာတာကို သတိထားမိလိုက်တယ် ...
ဓါးက သူမရဲ့ စွမ်းအင်တွေကို စုပ်ယူနေခြင်း !!
လက်သည်းပျောက်ကွယ်သွားသည်နှင့် ဓါးက ဟူရုံရုံ ထံတဲ့တဲ့ဝင်လာမည်ဖြစ်ကာ အခြေအနေမဟန်တာကို ချက်ချင်းသတိထားမိတာမို့ ရွှေရောင်ပုံရိပ်ယောင်ကျားခေါင်းတစ်ခုကိုအမြန် ဖန်တီးလျက် ဓါးကို ကိုက်ခဲစေပြီး ခြေတွေ လက်တွေဖြင့် ဒိုင်းတွေကို တစ်ခုပြီးတစ်ခု ရိုက်ချဖယ်ရှားပစ်ကာ အနောက်ကို ခုန်ဆုတ်လိုက်ရတယ်...

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Where stories live. Discover now