Chapter 94+95

233 31 0
                                    

Chapter 94 : The Bloodline of the Demon...
ကောင်းကင်နတ်ဆိုးမျိုးဆက်...

မိစ္ဆာရိုင်းမြို့တော်ကို ကောင်းကင်အပေါ်စီးကနေ ငုံ့ကြည့်လိုက်မယ်ဆိုရင် မြေပြင်ပေါ်မှာ သွေးသံရဲရဲနှင့် ပြိုလဲနေသော ကျားစစ်သည်တော် ၊ အစောင့် တွေကို မြို့တော်အနှံ့ တွေ့ရပေလိမ့်မည် ...

သူ့အိမ် သူ့ယာ ထဲကို ဝင်လာသကဲ့သို့ တစ်လှမ်းချင်းအေးအေးလူလူရှိနေသည့် အနီရောင်မိန်းမလှလေးကြောင့် ဟူကျောင်းကျောင်း နှင့် ဟူရုံရုံ အံ့အားသင့် မှင်သက်နေမိရာမှ မနာလိုမှုတွေက မျက်ဝန်းထဲတွေမှာ အထင်သားပေါ်လာခဲ့တယ် ...

လှရက်လိုက်တဲ့ အမျိုးသမီး!! ရက်ရက်စက်စက်ကို လှတာ!! သူမ က ဘာမို့လို့ ဒီလောက် ပြစ်မျိုးမဲ့မထင်ဖြစ်နေရတာလဲ!!!

ပတ္တမြားရောင် ချပ်ဝတ်တန်ဆာတို့နှင့် မြေပြင်ကိုထိလုမတတ် ရှည်လျားစင်းကျနေသည့် အနီရောင်ဆံနွယ်ရှည်တို့က ရေတံခွန်တစ်ခုသဖွယ် ... နေရောင်အောက်မှာ တောက်ပနေပြီး ၊ ကျောနောက်ရှိ တံစဉ်းလက်တံ (၆)ခုကလည်း သလင်းနီတွေကဲ့သို့ ကြည်တောက် လှပနေ၏ ..

ဟူကျောင်းကျောင်းဒေါသတကြီးဖြင့် -
"နင်ဘယ်သူလဲ?? ငါတို့ရဲ့ မိစ္ဆာရိူင်းမြို့တော်ထဲကိုတောင် ကျူးကျော်ဝင်ရဲတယ်!!"

အနီရောင်ဘုရင်မ ညာဖက်လက်ကိုမြောက်လိုက်သည့်အချိန် ပုံရိပ်ယောင်နှစ်ခုပေါ်လာ၏ ..
ဖာ့ဟွားနှင့်လန်ကောတို့၏ ပုံရိပ်ယောင် ..
"ဒီနှစ်ယောက်ကို မြင်မိလား?"

ဟူကျောင်းကျောင်း အံ့အားသင့်သွားရပြီး -
"သူတို့လား?? တော်နေကလေးတင် သူတို့ဒီမှာရှိနေခဲ့သေးတယ်"

"ခေါ်ထုတ်ခဲ့!!"
အနီရောင်ဘုရင်မ အေးစက်စွါ အမိန့်ပေးလိုက်တော့
ဟူရုံရုံ ဒေါသတကြီးဖြင့် -

"နင်ကဘာမို့လို့လဲ?!! နင်ကခေါ်ထုတ်ခဲ့လို့ အမိန့်ပေးလိုက်တာနဲ့ ငါတို့က ခေါ်ထုတ်ပေးရမှာလား!!"

"ဟမ့်"
အနီရောင်ဘုရင်မ က စကားတွေရှည်ရှည်ဝေးဝေးပြောရတာကို မနှစ်သက်သည့်သူ ...
ရှေ့ကို သူမ ခြေတစ်လှမ်းတိုးလာတိုင်း အနီရောင်အငွေ့အသက် စွမ်းအင်ဖိအားတွေက ပိုပိုတိုးလာကာ လနတ်ဘုရား တစ်ပါး ၏ အရှိန်အဝါတွေက ကျားမိစ္ဆာ ရွှေရောင်သွေးမျိုးဆက် ဟူညီအစ်မ၏ ရွှေရောင်အငွေ့အသက်ဖိအားကို အသာလေးဖိနှိပ်ပစ်တယ် ..

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Where stories live. Discover now