Ch 15+16

391 61 8
                                    

Chapter 15 : The Fear of Lan Ge ...

အပြာရောင်နယ်မြေ ၊ မိုးကြိုးမြို့တော်>>

"တုနှိုင်းမဲ့ပုလဲ တကယ်မရှိနေဖူးပေါ့?"
လန်ရှင်း မသာမယာမျက်နှာဖြင့် သူ့ရဲ့ သားတော်ကို သံသယမကင်းစွါ မေးလိုက်တယ် ...

"မရှိဖူး .. ဘာမှကို မရှိတာ... ကျောက်တောင်တွေပဲရှိတဲ့ ကျွန်းအလွတ်ကြီးပါဆို.."
မှော်နယ်မြေ က ဖာ့ဟွား နှင့် သူ့ကြား ထူးခြားသည့် ဆက်နွယ်မှုရှိနေတယ်ဆိုတဲ့အကြောင်း လန်ကော ဘယ်တော့မှ ထုတ်ပြောမည်မဟုတ်... သူတို့ကြားက ထူးဆန်းသည့်ဆက်နွယ်မှုကို သူ့အနေနဲ့ ဘယ်လိုမှ အကောင်းမမြင်နိုင်! ဒါက အမှိုက်သရိုက် သာသာ ၊ လာရှုပ်နေတဲ့အရာတစ်ခုပဲ!!

လန်ရှင်းက -
"မရှိဖူးဆိုတော့လည်း မရှိဖူးပေါ့... သွားနားချေအုံး... မင်းကိုကြည့်ရတာ ပင်ပန်းနေတဲ့ပုံစံပဲ.."

"အွန်း..."
လန်ကော မကြည်မသာဖြင့် သူ့ခမည်းတော်ရှေ့ကနေ လှည့်ထွက်ခဲ့တယ်... သူ့အဖေသာ ဒီပုလဲဆိုတဲ့အရာကို ထွက်မရှာခိုင်းခဲ့ရင် ၊ သူ လည်း ဟို ဖာ့ဟွားဆိုတဲ့သူနဲ့ ပတ်သက်ခဲ့မှာမဟုတ်!
အခုတော့!!!
အားကြီးစိတ်တိုတယ်!!!

လန်ကော နန်းတော်ရဲ့ အနောက်ဖက်ခြမ်းကို လမ်းလျှောက်ထွက်ခဲ့စဉ် အခန်းတစ်ခုထဲဝယ် ရင်းနှီးသည့်အရိပ်တစ်ခုကို ဖျက်ခနဲမြင်လိုက်သည်မို့ ခြေလှမ်းအမြန်ရပ်ကာ ဟနေသော တံခါးကနေ အတွင်းထဲကို ချောင်းကြည့်လိုက်ချိန် မျက်လုံးပြူးသွားရတယ်!

အခန်းထဲတွင် ဘုရင်မရှင်းယွမ် က တစ်ခုခုကို အာရုံအတော်လေးစူးစိုက်နေတာကို တွေ့လိုက်ရတယ် ... သူမ က စကတ်အရှည်တဝဲဝဲ နဲ့ ဘယ်ညာ ဟိုဖက်သွား ဒီဖက်သွားလုပ်နေပြီး ၊ င်္အကျီလက်တွေကိုတော့ခေါက်တင်လို့ထားတယ် ... ဆံထုံးကိုလည်း လျော့တွဲတွဲသာ ထုံးထားပြီး ကြည့်နေရင်း မကြာခင်မှာ ပြောလျောကျလာတော့မယ်လို့တောင် ထင်ရသည့်အထိ ...

သူမ မျက်နှာမူကာ အာရုံစိုက်ကြည့်နေသည့် ခမ်းနားလှသော နံရံပေါ်မှာတော့ ... ပုံတူပန်းချီကား တွေ အမြောက်အမြားချိတ်ဆွဲလို့ထားတာကို တွေ့ရတယ် ... တချို့က လူတစ်ကိုယ်လုံးပါပြီး တစ်ချို့က မျက်နှာ နှင့် ကိုယ်တစ်ပိုင်းကိုပဲ ရေးဆွဲထားသည်...

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Where stories live. Discover now