Chapter 33+34

292 45 2
                                    

Chapter 33 : The Final Battle of Fire ...

"ပြိုင်ပွဲစတင်ပြီ!!"

နယ်မြေ(၃)ခု ၊ နှစ်ယောက်တွဲယှဉ်ပြိုင်ပွဲ ၏ ဖိုင်နယ်ပွဲ တရားဝင်စတင်ခဲ့ပြီ!
ဖာ့ဟွားနှင့်လန်ကော အတူယှဉ်ပြိုင်ရမည့် နောက်ဆုံးပွဲလို့လည်း ပြောလို့ရသည်..

ပိုင်ယွဲ့ရှန်ချန်း ဆိုလိုချင်သည့်အဓိပ္ပါယ်ကို သူတို့ ပြည့်ပြည့်ဝဝ နားမလည်နိုင်ပေမဲ့ ချန်ပီယံဖြစ်မှသာ ကျိန်စာဖျက်ပစ္စည်းကို ရရှိ ၊ သူတို့နှစ်ယောက်ကြားက ဆန်းကြယ်သည့်ဆက်နွယ်မှုကို ချေဖျက်နိုင်မှာမို့ ဒီပွဲကို သူတို့နိုင်မှကို ဖြစ်မည် ...

ဒိုင်ရဲ့ကြေညာသံအဆုံး ... ဟော်လိကျီ ရဲ့ မျက်လုံးတွေက ရွှေ-နီရောင်တွေတောက်လာပြီး သူမရဲ့ ခန္ဓာကိုယ်က ကမ္ဘာမြေဆွဲအားကင်းလွတ်သွားသလို တဖြေးဖြေးနှင့်လေထဲကို မြောက်တက်လာတယ် ...

ဟော်လိကျီ တည်ရှိနေသည့်နေရာသို့ ပတ်ဝန်းကျင်လေထုထဲက ဒြပ်စင်တွေ သွားရောက်စုဝေးနေကြောင်း လန်ကော ခံစားမိလိုက်သည်...
တစ်နေ့မှာ သူ အဆင့်-၇ ရောက်လာခဲ့ရင်တောင်မှ ဟော်လိကျီ လို စွမ်းဆောင်နိုင်မယ်ဆိုတာ မသေချာ ... အကယ်၍ ဟော်လိကျီသာ သူတို့မျိုးနွယ်တွေရဲ့ပင်ရင်း ၊မဂ္ဂနီမီးပင်လယ်မှာသာ ကျင့်ကြံမှုတွေ လုပ်ခဲ့ရင် သူမ ရဲ့ အစွမ်းတွေက အတိုင်းအဆမဲ့သွားနိုင်၏...

"ချီးမြှောက်တော်မူ!"
နတ်ဘုရားကျမ်းကို ဖာ့ဟွားဆင့်ခေါ်လိုက်ပြီး ပထမစာမျက်နှာကို လှန်စေ၏..
ပထမစာမျက်နှာ၏ နတ်ဘုရားကျမ်းစွမ်းအင်တွေ သူ့ကိုယ်ပေါ်မှာလွမ်းခြုံပြီးသွားသည်နှင့် စတုတ္ထစာမျက်နှာကို ချက်ချင်းလှန်ပစ်ကာ ၃မီတာမြင့်သည့်ချပ်ဝတ်တန်ဆာအပြည့်နှင့် သန့်စင်သောဝိဥာဏ်တော်ရုပ်ထု ကို ဆင့်ခေါ်လိုက်တယ်...
ဝိဥာဏ်တော်ရုပ်ထု၏ လက်တစ်ဖက်တစ်ချက်စီမှာလည်း ဥာဏ်ပညာဒိုင်း နှင့် ဓါး တို့က တစ်ခုပြီးတစ်ခု ပေါ်လာသည်...
ဒီတစ်ပွဲအတွက်တော့ ပထမစာမျက်နှာရှိ နတ်ဘုရားကျမ်းစွမ်းအင် တွေကို ဖာ့ဟွား အစွမ်းကုန်ထုတ်သုံးပြီး အကာအကွယ်အတွက် ၊ တိုက်ခိုက်ဖို့အတွက် အားဖြည့်ဖို့ လုပ်ထားတယ် ...
သူ့ရဲ့ ပထမစာမျက်နှာ က အဆင့်-၈ ရှိ နေပြီမို့ ထုတ်ယူသုံးစွဲဖို့ရာ အတော်သန်မာမှဖြစ်နိုင်သည်မို့ အရင်ပွဲတွေတုန်းက ဖာ့ဟွား အစွမ်းကုန်ထုတ်မသုံးခဲ့..

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Where stories live. Discover now