Chapter 47+48

283 43 5
                                    

Chapter 47 : What the hell are they all?

"ဟိုင်း"
ထျန်းဟွေ့ရူရှီ လန်ကော ရှေ့မှာရပ်ကာ ခေါင်းအသာညွတ်အရိုအသေပြုပြီး ယဉ်ကျေးသည့်အမူအရာအပြည့်ဖြင့် နှုတ်ဆက်လာတော့ ...
လန်ကော တုံ့ဆိုင်းခြင်းမရှိ...

"ဟိုင်း!!"

ထျန်းဟွေ့ရူရှီ က ရှင်းယွမ် ကြိုတင်ပြောပြထားသည့် အရည်အချင်းရှိသော မိန်းမလှလေး ၊ အသက်၂၃နှင့် အဆင့်-၇ ရောက်နေပြီဖြစ်သည့် မိန်းမပျိုလေးဆိုသူဖြစ်သည် ... သူမ မှာ နောက်ခံအာဏာ ၊ အိမ်တော်ဟူ၍ မရှိပေမဲ့ သူမဟာ ပါရမီရှင်တွေထဲက တစ်ယောက်... အလင်းမြို့တော်မှာဆိုလျှင် သူမကို - အလင်းသူတော်စင်မိန်းမပျိုလေး လို့တောင် တင်စားခေါ်ဝေါ်ကြသေး၏..

ထျန်းဟွေ့ရူရှီ အပြုံးတစ်ခုကိုဆင်မြန်းထားလျက် -
"မေးခွန်းမေးနိုင်ပါပြီရှင်"

လန်ကော အနဲငယ်စဉ်းစားပြီးမှ -
"မင်းမှာ ချစ်သူကောင်လေးရှိခဲ့ဖူးလား?"

ရူရှီ ခေါင်းယမ်းပြပြီး -
"မရှိဖူးပါဘူး"

"ဒီကြင်ယာရွေးပွဲကို မင်းကိုယ်တိုင် လာတက်ချင်လိူ့ တက်ခဲ့တာလား?"

"ဟုတ်ပါတယ်"

"ဒါဖြင့်ရင် ... မင်း ငါ့ကို နှစ်သက်တယ်ပေါ့?"
လန်ကောရဲ့နောက်ဆုံးမေးခွန်းက ဒဲ့တိုးဆန်တယ်..

ရူရှီ ခေါင်းကိုယမ်းပြပြီး -
"ကျမ မသိတတ်ဖူးရယ်"

မသိတတ်ဖူး??
သူမရဲ့အဖြေစကားက လန်ကော ကို ကြောင်သွားစေ၏..

ရူရှီ ပြုံးလျက်ပင် -
"ကျမရဲ့ ခင်ပွန်းလောင်းဖြစ်လာရမဲ့သူက သန်မာရမယ် ၊ ကျမရဲ့အထက်မှာ အမြဲရှိနေနိုင်တဲ့သူ ၊ ကျမ က ကြည်ညိုကိုးစားတဲ့သူ ဖြစ်နေရမယ် .. တစ်နေ့မှာ ကျမတို့နှစ်ယောက် ကမ္ဘာကြီးရဲ့ထိပ် ၊ မျိုးနွယ်အားလုံးရဲ့ထိပ်မှာ ရောက်နေရမယ်! ကျမနဲ့အတူ မခွဲမခွါ တစ်သက်လုံး အတူရှိနေနိုင်မဲ့သူဖြစ်ရမယ်... ဒါက ကျမစိတ်ကူးထဲက ကျမလိုချင်တဲ့ ခင်ပွန်းလောင်းမျိုးပါရှင်"

လန်ကော နှုတ်ခမ်းတွေ လှုပ်ရွသွားပြီး -
"မင်းစိတ်ကူးထဲကအတိုင်းလိုချင်တာဆိုရင်တော့ .. အဲ့ဒီလူက ငါတော့ လုံးဝမဖြစ်နိုင်ဖူး ..' ပိုင်ယွဲ့ရှန်ချန်း ပဲ ကွက်တိကျလိမ့်မယ်"
အိုင်း ... ပြိုင်ဖက်ကလည်း ဖြစ်မဲ့ဖြစ်တော့ အမှောင်သခင်ရဲ့သားတော်တဲ့! ကောင်းကြသေးရဲ့လား??!!

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Where stories live. Discover now