Chapter 154+155

212 32 1
                                    

Chapter 154 : Two idiots ...
ငတုံးနှစ်ကောင် !

ထျန်းမိုရှဲ့ကွမ် ငြိမ်းချမ်းသောအတွေးတို့ နှင့်အတူ တိုက်ခိုက်မှုတွေရပ်တန့်သွားသည်နှင့် ဖာ့ဟွားက သန့်စင်သောရုပ်ထုကို ဆင့်ခေါ်ကာ ရှဲ့ကွမ် အနားကို အမြန်တိုးကပ်သွားသည် ... ရုပ်ထုလွှမ်းခြုံထားသော ဖာ့ဟွားသည် ရှဲ့ကွမ် နှင့် ကိုယ်ထည်ချင်းယှဉ်ရင် သေးနေဆဲဆိုပေမဲ့ အကာအကွယ်တော့ပေးနိုင်သေး၏ ...
ဖာ့ဟွား ဟွေ့ကျင်းဓါးကို ရှဲ့ကွမ်၏ သံခမောက်ဆီသို့ ဦးတည်လိုက်ချိန် ရှဲ့ကွမ် သတိပြန်ဝင်လာပြီး ဘယ်ဖက်လက်မှာကိုင်ထားသည့် ဓါးရှည်နှင့် တန်ပြန်ခုခံလာပေမဲ့ ဟွေ့ကျင့်ဓါးနှင့်ထိခတ်သွားသည်နှင့် ရှဲ့ကွမ် ရဲ့ ဓါးရှည်က ကန်ထွက်သွားပြီး ဖာ့ဟွားတစ်ယောက် ရှဲ့ကွမ်ရဲ့ သံခမောက်ကို ကျွတ်အောင် ထိုးချွတ်နိုင်ခဲ့၏ !!

ထျန်းမိုရှဲ့ကွမ် ရှောခ့်ရသွားပြီ!
သူက ခွန်အားဥပဒေကို အခြေခံထားတဲ့သူ ဖြစ်ပြီး သူ့ကို တိုက်ခိုက်နေသည့် လူသားလေးသည် သူ့တစ်ဝက်ပင် ခွန်အားမရှိပေမဲ့ သူ့ရဲ့ တိုက်ခိုက်မှုတွေကို ၂ကြိမ်တိတိ ခုခံနိုင်ခဲ့သတဲ့ !!
သံခမောက်ကိုတောင် ကျွတ်အောင်တိုက်ခိုက်နိုင်ခဲ့တယ် !!!
ဒါက မှော်နယ်မြေ ကျမ်းစာအုပ် က ချီးမြင့်ထာားတဲ့ မှော်စွမ်းအားတွေကြောင့်လား?
သံခမောက်ကို ဓါးနှင့်ထိုးလှန်နိုင်ခဲ့ရုံမက ဟွေ့ကျင်းဓါး ၏ မူရင်းအစွမ်းကြောင့် ရှဲ့ကွမ် စိတ်တွေ ခေတ္တခဏ လွတ်သွားရပြန်သည် ...
ဖာ့ဟွား လက်တစ်ဖက်မှာ စွမ်းအင်တွေအပြည့်စုစည်းပြီး ရွှေရောင်တွေတောက်နေသည့် ဒိုင်းကို ဆင့်ခေါ်ကာ စိတ်လွတ်နေသည့် ရှဲ့ကွမ် ရင်ဘတ်တဲ့တဲ့ကို ဒိုင်းနဲ့ပစ်တိုက်ပစ်တယ် ...
တိုက်ပွဲကြည့်နေသူတွေ သတိမထားမိလောက်ပေမဲ့ ရုပ်ထုထဲရှိ ဖာ့ဟွားရဲ့ မျက်နှာက အတော်လေးဖြူလျော်လို့နေပြီ ...
စာမျက်နှာ-၈ .. ဖန်တီးခြင်း ကို သုံးရတာလွယ်သည်တော့မဟုတ် .. ဒါကို ဖာ့ဟွားက ၂ခါဆက်တိုက် သုံးခဲ့ရသည်လေ ...
ဒါပေမဲ့ သုံးလိုက်တဲ့ ၂ ခါကြောင့်မို့လည်း သူတို့ ၂ယောက် အသက်ဆက်ရှင်နေနိုင်ခြင်းဖြစ်တယ်...

ရှဲ့ကွမ်ရင်ဘတ်ကို ဒိုင်းနှင့်ပစ်တိုက်ချိန် ၊ ရုပ်ထုဖာ့ဟွားရဲ့ ပုခုံးပေါ်မှာ ရှိနေခဲ့သော လန်ကော သည် လေထဲကို တစ်ချက်ခုန်ပြီး မိုးကြိုးဒြပ်စင်တွေကိုဆင့်ခေါ်ကာ ရှဲ့ကွမ် ရဲ့ ခေါင်းတဲ့တဲ့ကို ရိုက်ချဖို့ကြိုးစား၏.!

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Where stories live. Discover now