Chapter 84+85

234 33 1
                                    

Chapter 84 : Arriving at the Demon Realm ...
သားရဲမိစ္ဆာနယ်မြေထဲကို ရောက်ရှိခဲ့ပြီ ..

ရေဘီလူးဘုရင်ကြီး က ဖာ့ဟွားနှင့်လန်ကော ကို နက်ရှိူင်းသည့်အဓိပ္ပါယ်တို့ပါဝင်နေသည့်အကြည့်တချို့ဖြင့် -
"မင်းတို့လိုရာခရီးကိုဆက်နိုင်ပါစေလို့ ငါဆန္ဒပြုပါတယ် ... ဘေးအန္တရာယ်တွေကင်းရှင်းချိန် လူသားနယ်မြေကို ပြန်ရောက်လာခဲ့ရင် ရေနဂါးဘုရင်ကြီးရဲ့ ဒေါသတွေကို တတ်စွမ်းနိူင်သမျှ ဖြေဖျောက်ဖို့ ကြိုးစားကြပါ .. မဟုတ်ရင် မင်းတို့လူသားတွေ ခြေဆန့်စရာနယ်ကျုံ့သွားလိမ့်မယ်"

"ဟုတ်ကဲ့ပါ အရှင်မင်းကြီး!"
ဖာ့ဟွားနှင့်လန်ကော တစ်ညီတည်း တုံ့ပြန်စကားဆိုတယ် ..

ရေဘီလူးဘုရင်ကြီး သက်ပြင်းခပ်ဖွဖွချလျက် -
"တကယ်စိတ်ပူရမဲ့အရာက အနောက်အရပ်ကနေ မကြာခင်လာတော့မယ်..."
ထိုစကားတစ်ခွန်းအဆုံး ရေဘီလူးဘုရင်ကြီးရဲ့ ခန္ဓာကိုယ်ဟာ ရေတွေအဖြစ်ပြောင်းလဲပျောက်ကွယ်သွားပြီး သူတို့ပတ်ပတ်လည်မှာ ရှိနေခဲ့သည့် ရေဘီလူးအစောင့်တွေသည်လည်း ဘုရင်ကြီးနည်းတူ ပျောက်ကွယ်သွားသည် ...

ရေဘုရင်ကြီးနှင့် သက်တော်စောင့်တို့၏ ရေအဖြစ်ပြန်ပြောင်းလဲမှုက ပင်လယ်ရေလှိုင်းတချို့ကိုမြင့်တက်စေရကာ ...
လန်ကော သူတို့ ရေမမွမ်းသွားစေရန် ရေဒြပ်စင်ကို အမြန်ထုတ်သုံးဖို့ပြင်လိုက်ပေမဲ့ .. သူတို့လက်ထဲရှိ ခရုခွံလေးတွေ က ကြည်ပြာရောင်တောက်လာကြပြီး သူတို့ခန္ဓာကိုယ်တွေဟာ ရေပူဖောင်းတွေထဲ ရောက်လို့သွားတယ် ...
ပင်လယ်ရေလှိုင်းရိုက်ခတ်မှု ဘယ်လောက်ပြင်းပြင်း ထိုရေပူဖောင်းလေးတွေက မမှု ၊ အတွင်းမှာရှိနေသူကိုလည်း ထိခိုက်စေမှု မရှိအောင် ကာကွယ်ပေးထားတယ်...

"ကောင်းလိုက်တဲ့ လက်ဆောင်ပါလား!!"
လန်ကော ပျော်ရွှင်မြူးတူးစွါ မှတ်ချက်ပြုတယ် ... ဒီရေပူဖောင်းထဲမှာဆို သူတို့ဟာ ကုန်းမြေမှာရပ်နေသလို အသက်ဝဝလင်လင်ရှူနိုင်ပြီး လှုပ်ရှားမှုတွေကလည်း လွတ်လပ်တယ် ...
ရေဘီလူးဘုရင်ကြီးရဲ့ လက်ဆောင်က အလွန်ကို အဖိုးထိုက်တန်လှပါသည်.. အထူးသဖြင့် ပင်လယ်နက်ထဲကနေ ခရီးထွက်ဖို့လိုနေသည့် သူတို့နှစ်ယောက်အတွက် တန်ဖိုးမဖြတ်နိုင်အောင်ပါပဲ..
ပြီးတော့ အသုံးပြုရတာကလည်း သိပ်ကိုလွယ်ကူတယ်...
ခရုခွံလေးတွေကနေ စွမ်းအင်တချို့ထွက်နေပြီး ထိုစွမ်းအင်တွေက ဖာ့ဟွား၊လန်ကော ပတ်ပတ်လည်မှာရှိနေသည့် ပင်လယ်ရေဖိအားကို မရှိသလောက်ထိ လျော့ချပေးသေးတာမို့ ပင်လယ်ကြမ်းပြင်နှင့် နီးကပ်သည်အထိ ကပ်ကာ ခရီးသွားပေမဲ့ သွားနှုန်းက အရင့်အရင်ကထပ် ပိုမြန်သည်...

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Where stories live. Discover now