Chapter 150+151

235 27 2
                                    

(Unicode)

Chapter 150 : An Important Step for Human Beings...
လူသားမျိုးနွယ်တွေအတွက် အရေးကြီးသောခြေလှမ်း ...

"တုနှိုင်းမဲ့ခြင်း"

ဖာ့ဟွားနှင့်လန်ကော ဆီမှ တစ်သံတည်းထွက်လာခြင်းဖြစ်သည်...
တုနှိုင်းမဲ့ပုလဲ ... တုနှိုင်းမဲ့ ပြောင်းလဲမှု ..
🔮တုနှိုင်းမဲ့အမြွှာဝိဥာဏ် ၊ တူညီသောဘဝတစ်ခု🔮

ထျန်းမိုယဲ့မင် ၏ ခရမ်းရောင်ဂျိုတောက်ပလာခြင်းနှင့်အတူ ၊ သူမကလန်ကောတို့ဆီသို့ လက်သီးလေပွေတစ်ခုပစ်သွင်းလိုက်တယ် !
ခရမ်းနက်ရောင် လေပွေကြီး ကြီးမားချက်က .. ၃မီတာအမြင့်ရှိသည့် ဖာ့ဟွားရဲ့ သန့်စင်သောရုပ်ထုသည်ပင် သေးငယ်လို့သွားသည် ...

ဖာ့ဟွားရဲ့ကျမ်းစာအုပ်က သူ့အလိုလို စာမျက်နှာ-၇ ကို လှန်သွားပြီးနောက် ဖာ့ဟွားက ပထမဦးစွာ ဟွေ့ကျင်းဓါးနှင့် လေပွေကို ခုတ်ပိုင်းချလိုက်ပြီး ၊ ကျန်ရှိနေသော ဖာ့ဟွားကို ရစ်ပတ်ဖို့ကြိုးစားလာသည့် ခရမ်းနက်ရောင် အငွေ့အမျှင်တွေကို စာမျက်နှာ(၇)က ထွက်လာသည့် ရွှေချည်မျှင်တွေက ဆွဲနှောင်ထိန်းချုပ်ပေး၏ ...
ထို့အတူ ရွှေ+စိမ်းပြာရောင်လေဓါးသွားအစင်းပေါင်းများစွာလည်း ထွက်ပေါ်လာပြီး ခရမ်းနက်ရောင် အငွေ့အမျှင်တွေကို အပိုင်းပိုင်းပြတ် ၊ ပျောက်ကွယ်သွားအောင် ဖြတ်တောက်ပစ်၏ !

"ငရဲကိုသွားကြစမ်း!!!"
ဒေါသတကြီးအော်သံနှင့်အတူ ထျန်းမိုယဲ့မင် ဖျက်ခနဲဆိုသလို ဖာ့ဟွားအနားရောက်လာပြီး သူမရဲ့ လက်သွယ်သွယ်တွေမှာ ရှည်လျားသော လက်သည်းချွန်ကြီးတွေနှင့် !!
ရုပ်ထုလွှမ်းခြုံထားသည့် ဖာ့ဟွားကို ပေါက်ထွက်သွားအောင် ကုတ်ဖို့ရည်ရွယ်တယ် !
သူမယူဆောင်လာတဲ့ စွမ်းအင်ပမာဏက ကြောက်ခမန်းလိလိ .. ဖာ့ဟွားကို သာမက လေထုတစ်ခုလုံးကိုပါ ပြဲစုတ်သွားအောင် ကုတ်ဖြဲတော့မည့်အတိုင်းပဲ !

ဖာ့ဟွား ရွှေ+ပြာရောင် ရေဒိုင်းဖြင့် အချိန်မှီ ခုခံလိုက်နိုင်ပေမဲ့ ၊ ထိခတ်မှုက သူ့တစ်ကိုယ်လုံးကို ကျဉ်တက်သွားစေပြီး .. ဒိုင်းပေါ်တွင် အက်ကွဲကြောင်းတွေ စပေါ်လာပေမဲ့ ဒိုင်းမှာ လန်ကောရဲ့ ကုသခြင်းရေဒြပ်စင် အားဖြည့်ထဲ့ထားတာကြောင့် အက်ကွဲကြောင်းတွေက သူ့အလိုလို ပြန်စေ့ပိတ်လို့သွားတယ် ...

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Where stories live. Discover now