Chapter 9+10

436 72 4
                                    

Chapter 9 : Mysterious Stone Ball ...
((ထူးဆန်းသော ကျောက်လုံးကြီး...)

"စည်း ရှိနေတာလား?"
ဝက်ဝံကျန်း က အခြေအနေကို သုံးသပ်ကြည့်တယ် .

သူတော်စင်လျင်း က အသံတိုးတိုးဖြင့် -
"ဒီတွင်းနဲ့ ပတ်သက်ပြီး ကျမတို့ မသိတာတစ်ခုကို သူတို့တွေ သိနေတယ်"

သူမ က တွင်းနှုတ်ခမ်းဝမှာ ဒူးထောက်ထိုင်ချလာပြီး အတားအဆီးစည်း ကို ဖျက်လို့ ရ/မရ စမ်းသပ်စစ်ဆေးကြည့်၏...
စည်း ကို ခပ်ဖွဖွထိကြာ့်နေတဲ့ သူမရဲ့ လက်သွယ်သွယ်လေးတွေက လိပ်ပြာလေးတွေတောင်ပံခတ်နေသယောင် ...သူမ ကိုယ် ကနေ ငွေရောင်အလင်းတန်းတွေလည်းဖြာထွက်နေပြီး ထိုအလင်းတန်းတွေက အကာအရံစည်း ကို ဖောက်ကြည့်ဖို့ ကြိုးစားနေတယ်...

တွင်းထဲကို ပထမဆုံး ခုန်ချသွားသည့် ဖာ့ဟွား ... အချိန်တချို့ရှိမှ တွင်းအောက်ခြေမှာ ခြေချမိတယ် ... အပေါ်ဖက်ကနေ အလင်းရောင်တွေလက်ခနဲ ဖြာထွက်လာတာကို တွေ့တော့ မော့ကြည့်လိုက်ချိန် - ရှန့်လျင်း နဲ့ ဝက်ဝံ လွှင့်ထွက်သွားတာကို မြင်လိုက်ရ၏...

"သူတို့ ဘာလို့ ဝင်ခွင့်မရတာလဲ?"

ဖာ့ဟွားတီးတိုးရေရွတ်နေချိန်မှာပဲ စိမ်းပြာရောင် အလင်းတန်းတစ်ခု သူ့မျက်စိရှေ့ ဝှစ်ခနဲရောက်လာပြီး လန်ကော ကို သူနဲ့မနီးမဝေးမှာ တွေ့လိုက်ရတယ် ... ဖာ့ဟွားနည်းတူ မော့ကြည့်နေသော လန်ကော တစ်ယောက် အပေါ်ကအခြေအနေကိုကြည့်ပြီး နားမလည်နိုင် ၊ အံ့ဩနေသည့်ပုံ ...

ဖာ့ဟွား က လန်ကောရဲ့ အူကြောင်ကြောင်မျက်နှာကို တစ်ချက်ကြည့်ပြီး အေးစက်စွါဖြင့် -
"တုံးအလိုက်လေခြင်း!"

လန်ကော က ဒေါသမထွက်ပဲ ပဟေဠိ ဆန်သော အကြည့်ဖြင့် ပြန်ကြည့်ကာ -
"ဟမ်? ငါက တုံးအတယ်??"

"သူတို့ လူများနေတယ်"
ဖာ့ဟွားက ခပ်တိုတိုတုတ်တုတ်ပဲ တုံ့ပြန်၏ ..

လန်ကော အဓိပ္ပါယ်ကို ချက်ချင်းနားလည်သွားပြီး မျက်လုံးတွေ အရောင်လက်သွားကာ -
"ပုလဲရှာဖွေရေးက တစ်ဦးတစ်ယောက်ထဲပဲ လုပ်ဆောင်ရမယ်လို့ မင်းဆိုလိုချင်တာမဟုတ်လား? ပုလဲ အသိအမှတ် မပြုလာမှာကို ကြောက်နေတာလား? တုနှိုင်းမဲ့ပုလဲကို ရှာလို့မတွေ့မှာစိုးရိမ်နေတာလား? မှန်တယ်! ငါ့အဖေကလည်း - ကျွန်းပေါ်ကို တစ်ယောက်ထဲပဲ တက်ရမယ်လို့ မှာကြားခဲ့တယ်! မင်း လှေကြီးတစ်စင်းအပြည့် လူတွေ ခေါ်တင်လာခဲ့ပေမဲ့ ကျွန်းပေါ်ကိုကျ မင်းတစ်ယောက်တည်းတက်လာခဲ့တယ် .. ဒါပေမဲ့ ဟိုအဖွဲ့ကကျ လူအုပ်လိုက်ကြီး တက်လာကျတယ် ... သူတို့ မှာ ပုလဲနဲ့ ပတ်သက်ပြီးသတင်းအချက်အလက် မရှိတာများလား? ကျွန်းပေါ်ကိူ တစ်ယောက်ထဲ တက်လာခဲ့ကြတဲ့ ငါတို့နှစ်ယောက်က ဒီတွင်းထဲကို ဝင်ခွင့်ရခဲ့ပြီး အဖွဲ့လိုက်လာခဲ့တဲ့ သူတို့ကျ တွင်းပေါက်မှာတင် ပိတ်ဆို့တားဆီးခံရတယ်... အိုင်း ... သတ်မှတ်ထားတဲ့ စည်းကို ဖောက်မိတာနဲ့ တွင်းပေါက်မှာတင် ဝင်ခွင့်မရ ပိတ်ဆို့ခံရတာ တကယ်ထူးဆန်းတာပဲ..."

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Where stories live. Discover now