Chapter 80+81

239 35 3
                                    

Chapter 80 : Red Queen Reappears ...
အနီရောင်ဘုရင်မ ပြန်ပေါ်လာပြီ!!

အဆုံးမဲ့တပင်လယ်ပြာကြီးသည် ကမ်းမမြင် ၊ လမ်းမမြင်နိုင်အောင်ထိ မျက်စိတဆုံးကျယ်ပြောလှသည် ...

ရွက်လှေကြီးနှင့် ပင်လယ်ကိုဖြတ်ကူးနေခြင်းမဟုတ်ပဲ သစ်ရွက်လှေငယ်လေးတစ်စင်းနှင့်သာဖြစ်နေ၍ ဖာ့ဟွား ရင်ထဲ မတည်မငြိမ် ၊ စိုးရိမ်မိနေတယ် ...

လန်ကော အတွက်တော့ အခုလို ပင်လယ်ခရီးထွက်ပုံမျိုးက ရိုးအီနေပါပြီ ... သူက လွတ်လပ်မှုကို ခုံမင်မြတ်နိုးသူမို့ တစ်ယောက်တည်းခရီးထွက်ရတာကိုပဲကြိုက်သည့်အပြင် ၊ ရေဒြပ်စင်ကိုထိန်းချုပ်နိုင်သူတစ်ယောက်ဖြစ်သည်မို့ ပင်လယ်ပြင်ကျယ်ကြီးဟာ သူ့အတွက်တော့ အိမ် ပါပဲ ...
လန်ကော ရဲ့ ထိန်းချုပ်မှုအောက် ရေလှိုင်းတွေက သစ်ရွက်လှေငယ်လေးကိူ အနောက်ကနေ အဆက်မပြတ်တွန်းပေးနေသည်မို့ လှေငယ်လေးက ရေပြင်ပေါ်မှာ မြားတစ်စင်းလို ပြေးလွှားနေတယ်...
ဖာ့ဟွားက လှေဦးမှာ တင်ပျဉ်ခွေထိုင်လျက် လှေသွားနှုန်းကြောင့် ရိုက်ခတ်လာသည့် လေကြမ်းတွေကို ကျမ်းစွမ်းအင်နဲ့အကာအရံလုပ်ထားရတယ် .. ဒါမှသာ သူ့အနောက်မှာထိုင်နေသည့် လန်ကော ကို လေဒဏ်ကနေကာကွယ်ပေးနိုင်မည်..
ဒါပေမဲ့ သစ်ရွက်လှေလေးရဲ့ရွေ့လျားနှုန်းက အလွန်မြန်လွန်းနေတယ် ... ဥာဏ်ပညာမြို့တော်ရှိ အမြန်ဆုံး ရွက်လှေကြီး နှင့် ဘယ်တစ်ခုက ပိုမြန်အောင် သွားနိုင်လဲဆိုတာတောင် မခွဲနိုင်တော့ဖူး ...

"အိုင်းယား ... နေလို့ထိုင်လို့ကောင်းလိုက်တာ !! ဟားဟားဟား !!! ဒီအမြန်နှုန်းက စိတ်လှုပ်ရှားဖို့ကောင်းတယ်လို့ မင်းမထင်ဖူးလား??"

သစ်ရွက်လှေလေး ဖြတ်ကျော်သွားတိုင်း ရေပြင်က နှစ်ခြမ်းကွဲထွက်သွားသည့်အထိ ၊ လှေငယ်လေးသည် လေးသည်တော်တစ်ယောက် ပစ်လွှတ်လိုက်သည့် မြားကောင်းတစ်စင်းလို ရွှီးခနဲ !
တစ်ခါတစ်ရံ လှိုင်းကြီးတွေနဲ့ကြုံချိန်တွေများဆို လှေလေးက ရေပြင်နှင့်လွှတ်ကာ လေထဲကိုပါ မြောက်တတ်သွား၏ !!
လှေပေါ်ကလူတွေလည်း အသက်ရှူမေ့အောင်ထိ ခံစားရတယ် !!
ထိုအချိန်တွေဆို လန်ကော က လေဒြပ်စင်ကို ထုတ်သုံးပြီး လှေကို ငြိမ်အောင်ထိန်းကာ ရေပြင်ပေါ်သို့ ငြင်ငြင်သာသာလေး ပြန်ကျစေတယ် ...

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Kde žijí příběhy. Začni objevovat