Chapter 3+4

742 92 2
                                    

Chapter 3 : နတ်ဘုရားပုတီးစေ့များ

15 နှစ် ကြာသော် -

မှော်နယ်မြေ အမိန့်နိုင်ငံ ဥာဏ်ပညာမြို့တော် >>

အမိန့်နိုင်ငံတော် ထဲတွင် မြို့တော် ၁၂ ခုရှိ၏ ... မြို့တော် ၁၂ ခုရဲ့ နာမည်တွေက ကျမ်းကိုင်ဆောင်သူ နတ်ဘုရား ၁၂ ပါးရဲ့ အမည်နာမ တွေကို ပေးထားခြင်း ... မြို့တော် တစ်ခုစီတိုင်းမှာ  သက်ဆိုင်ရာ နတ်ဘုရားရုပ်တု ထားတဲ့ ကျမ်းတော်ကျောင်းဆောင် တစ်ဆောင် စီ လည်းတည်ရှိ၏ ... ကျမ်းကိုင်ဆောင်ခွင့်ရသူတို့က ထိုကျမ်းဆောင်တွေကို သွားပြီး အဆင့်တက်အောင် လေ့ကျင်ခွင့်ရှိကြသည် ...

ဒါပေမဲ့ ကံမကောင်းစွါပဲ အမိန့်နိုင်ငွတော်ရဲ့ သမိုင်းကျောင်းတစ်လျှောက် ကျမ်းစာကိုင်ဆောင်ခွင့်ရသူ က ဘယ်တော့မှ ၁၂ ယောက် တပြိုင်တည်းမထွက်ပေါ်ဖူးခဲ့ဖူး ... ၁၂ ယောက် မပြောနဲ့ ၃ယောက်တောင် မထွက်ပေါ်လာဖူးဘူး ... အခု အချိန်မှာလည်း ကျမ်းကိုင်ဆောင်သူ က တစ်ယောက်ထဲသာ ပေါ်ထွက်လာသေးသည် ...

ဥာဏ်ပညာမြို့တော် ဆိုတာကလည်း မြင့်မြတ်တဲ့ ဥာဏ်ပညာကျမ်းတော် ကို အစွဲပြုပြီး မှည့်ထားခြင်းဖြစ်၏ ..
အမိန့်နိုင်ငံတော်ရဲ့ အရှေ့တောက်ဖက် အစွန်း မှာ တည်ရှိသော မြို့တော် တစ်ခု ...

မြို့တော်ရုံးချုပ်ရဲ့ စာဖတ်ခန်းထဲတွင်>>

"ဆရာသခင် ... ကျွန်တော့်ကို ရှာနေတယ်ဆိုလို့ပါ"
လူရွယ်လေးတစ်ယောက် စာဖတ်စားပွဲရှေ့မှာ ရိုကျိုးစွါ လာရပ်သည် ..
ထိုလူရွယ်လေးက ချောမောခန့်ညားလှပြီး မျက်လုံးတွေဟာလည်း ကြယ်လေးတွေ လက်နေသလို တဖျက်ဖျက် ...
သူ့အရပ်က 1.8m( 6 ပေ) ရှည်ပြီး အဖြူရောင်သန့်သန့်ဝတ်ရုံကို ဆင်မြန်းထားတာကြောင့် ကြော့မော့သန့်ရှင်းနေမှုကပါ ထပ်ပေါင်းလို့နေသည်...

ဖာ့ယွင် ဖတ်လက်စ စာအုပ်ကို အသာပိတ်လိုက်ပြီး ပြုံးကာ -
"ထိုင်ပါဦး"

"ဟုတ်ကဲ့"
လူရွယ်လေးက ခုံတစ်ခုမှာ ယဉ်ကျေးစွါ ထိုင်ချလိုက်ပြီး ဖွဖွဆုပ်ထားတဲ့ လက်သီးဆုပ်တွေကို ဒူးတွေပေါ်တင် ၊
ခပ်မတ်မတ်အနေအထားဖြင့် .. ထိုင်တာကအစ အချိုးပြေပြစ် သိမ်မွေ့၏ ...

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Where stories live. Discover now