Chapter 21+22

356 53 1
                                    

Chapter 21 : We can't win like this ...
((ဒီပုံစံအတိုင်းဆက်သွားရင် ငါတို့ နိုင်မှာမဟုတ်ဖူး...))

"မင်းတမင်လုပ်ခဲ့တာဟုတ်တယ်မလား? ဟမ်? တမင်အကွက်ချလုပ်ခဲ့တာမလားလို့?"
ပြိုင်ပွဲမှာအနိုင်ရလိုက်ပေမဲ့ ပျော်ရွှင်မှုကို လန်ကော နဲနဲလေးမှ မခံစားမိ !
စင်အောက်ရောက်သည်နှင့် ဖာ့ဟွားနောက်ကို ဒေါသတကြီး ပြေးလိုက်တယ်!

တဲစိုက်ရာ ကွင်းပြင်ဆီသို့သာ လျှောက်လှမ်းနေသော ဖာ့ဟွား က လန်ကော ကို နဲနဲလေးမှ အဖက်မလုပ် ...

"ဘာလို့ ပြန်မဖြေတာလဲ? အခုမှ ကိုယ့်ကိုကိုယ် အပြစ်ရှိစိတ်တွေ ခံစားမိနေလို့လား? ငါ့ရဲ့ ဒြပ်စင်စွမ်းအင်တွေကို ငါ့ခွင့်ပြုချက်မရှိပဲ မင်းက ယူသုံးရဲတယ်!! မင်း လူမှ ဟုတ်သေးရဲ့လား?!!
ငါ့အတွက် ဘယ်လောက်အန္တရာယ်များခဲ့လဲဆိုတာ မင်းသိရဲ့လား? မုန်ကျူ ရဲ့ တိုက်ခိုက်မှုစွမ်းအင်သာ နဲနဲလေးပိုအားပြင်းခဲ့မယ်ဆိုရင်တောင် သူဖိသတ်လို့ငါသေနေပြီ! အေ ... ငါ မရှိရင် မင်းတစ်ယောက်ထဲ သူ့ကို ရင်ဆိုင်နိုင်မှာမဟုတ်ဖူး!!"

ဖာ့ဟွား ခြေလှမ်းတွေကိုရုတ်ချည်းရပ်ကာ လန်ကော ကို လှည့်ကြည့်တယ် .. သူ့မျက်လုံး အကြည့်တွေက တည်ငြိမ်လွန်းလှသည်မို့ လန်ကော အလန့်တကြားဖြင့် သူ့ပါးကို သူ အုပ်ကိုင်လိုက်မိတယ်...
ပြောမရဖူးလေ! ဖာ့ဟွားဆိုတဲ့ကောင် က သူများနာစေဖို့ သူ့ကိုယ်သူအနာခံနိုင်တဲ့ သူကိုး!!
ပါး ထပ်ချပစ်ရင် ငါလေး ဘယ်လိုလုပ်ရမလဲလို့??

ဖာ့ဟွားပုံမှန်လေသံဖြင့် -
"ဒီအတိုင်းဆို ငါတို့ မနိုင် နိုင်ဖူး"

လန်ကော ကြက်သေ သေသွားရတယ် ... ဖာ့ဟွားဆီကနေ အဆူအပူ ၊ ရွဲ့တဲ့စကားတွေ ကြားရမယ်ပဲ မှတ်ခဲ့တာ...
လန်ကော ကိုယ်တိုင်ကလည်း ဥာဏ်ရှိသည့် လူငယ်တစ်ယောက်မို့ ဖာ့ဟွားဆိုလိုရင်းကို တန်းသဘောပေါက်ပြီး သူ့မျက်လုံးထဲက ဒေါသမီးတွေ ငြိမ်းသွားတယ်...
အဟုတ်ပဲ .. ဖာ့ဟွားပြောတာ မှန်တယ်... ဒီပုံအတိုင်းဆို နှစ်ယောက်တွဲပြိုင်ပွဲမှာ သူတို့ ချန်ပီယံ မဖြစ်နိုင်ဖူး..

မုန်ကျူ နဲ့ ဝေ့လျန်း ... သူတို့ တစ်ယောက်ချင်းစီရဲ့ စွမ်းအင်က ဖာ့ဟွား နဲ့ သူ့ လောက်တောင်မရှိပေမဲ့ သူတို့ စည်းချက်ညီညီ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့အချိန် အင်အားကြီးပါတယ်ဆိုတဲ့ ဖာ့ဟွား နဲ့ သူ့မှာ အလူးအလဲ...

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Where stories live. Discover now