Chapter 98+99

210 29 1
                                    

Chapter 98 : Retribution with Deed ..
အကြွေးပြန်ဆပ်ခြင်း ...

ဟွေ့ကျင်းဓါး ကို အတင်းကမ်းပေးနေတဲ့ ဖာ့ဟွားကြောင့် လန်ကော မျက်လုံးတွေပြူးသွားရကာ -
"ဘာဖြစ်လို့လဲ?? မကြည့်အပ်တဲ့အရာကို မကြည့်သင့်တာမှန်း မင်းကိုယ်မင်းကျ သိတတ်နေပြီး လူကြီးလူကောင်းလုပ်ချင်နေတယ်! ငါကကော ဘာမို့လဲ!! ငါက အခုထက်ထိ လူပျိုစစ်စစ် ! ရေမရောသေးတဲ့ လူပျိုစစ်စစ်!! ဘာလို့ ငါက လုပ်ရမှာလဲ!! ဘာလို့လဲ!!"

ဖာ့ဟွား လေးနက်စွါဖြင့် -
"မင်းက လွတ်လပ်တဲ့နိုင်ငံတော်သား တစ်ယောက်မဟုတ်လား?? စည်းဘောင်တွေထားမနေပဲ စိတ်လွတ်ကိုယ်လွတ် ပြုမူသင့်တယ်"

လန်ကော ခါးထောက်ရင်ကော့ကာ -
"မရဖူး! ငါ့ကို အဲ့လိုနည်းနဲ့ လာဆွယ်ဖို့မကြိုးစားနဲ့ .. ကလေးအကွက်တွေနဲ့ ပျင်းဖို့ကောင်းတယ်! မင်းလူမှဟုတ်သေးရဲ့လား! သူမရဲ့ ခန္ဓာကိုယ်ကို ငါမြင်လိုက်ရပြီး သူမကို လက်ထပ်ရမယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ!! မင်းဆိုရင်ရော ပုရွတ်ဆိတ်တစ်ကောင်ကို လက်ထပ်မှာမို့လား!?"

ဖာ့ဟွား တုန်လှုပ်ခြင်းမရှိ -
"သာမာန်ပုရွတ်ဆိတ် မဟုတ်ဖူး.. မြေအောင်းပုရွတ်ဆိတ် နတ်ဆိုးမျိုးနွယ် ကိုမှ သူမ က ဘုရင်မ"

"...ငါတို့ ဒီအတိုင်း... နောက်ဆုတ် ထွက်သွားကြရင်ကော?"
လန်ကော ဖက်ကပဲ အလျော့ပေးလိုက်ရပြီး စကားလမ်းကြောင်းပြောင်းလိုက်တယ်..

"ငါလည်း အဲ့လိုပဲတွေးနေတာ.."
ဖာ့ဟွား နောက်ဆုတ်ကာ လန်ကော နှင့် ဘေးချင်းယှဉ်ရပ်လိုက်တယ် ... မြေပြင်ပေါ်မှာလှဲကျနေသူက သတိမေ့နေတာတောင် စွမ်းအားအတော်ကြီးသူမို့ အစစအရာရာ သတိထား​နေရပြီး အနားကြာကြာ မကပ်ရဲဖူး!

နှစ်ယောက်သား ချာကနဲလှည့်ထွက်လိုက်ချိန်မှာပဲ ... ခန္ဓာကိုယ်မှာ ရွှေရောင်တွေလက်လာကာ အနီရောင်ဘုရင်မ ရဲ့ အနား ပြန်ပို့ခံလိုက်ရတယ်..

"လှည့်စားတတ်တဲ့ အကျင့်မကောင်းတဲ့ ပုလဲ!!"
ဒီတစ်ကြိမ်တော့ ဖာ့ဟွားနှင့်လန်ကော တပြိုင်နက်တည်း ကျိန်ဆဲမိခြင်း...

ဘာလို့ ငါတို့ကို သွားခွင့်မပြုနေတာလဲ??

ဖာ့ဟွားနှင့်လန်ကော တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ဖာ့ဟွားလေသံတီးတိုးဖြင့် -
"ပျော်ရွှင်မှုတွေကို ငါတို့ အတူမျှဝေခဲ့ကြတယ်..."

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Where stories live. Discover now