Chapter 140+141

228 32 0
                                    

(Unicode)

Chapter 140 : Five Thunders and Five Armies ...
မိုးကြိုးတပ်ရင်း(၅) နှင့် တပ်ဖွဲ့(၅)ဖွဲ့...

ဖာ့ဟွားက ကပ္ပတိန်တွေကို အကဲခတ်နေသလိူ တပ်ဦးစီးချုပ်လိတ်မင်းယန် သည်လည်း ဖာ့ဟွားကို တောက်လျှောက် အကဲခတ်နေခဲ့တယ် ... သူက တပ်ဖွဲ့နာမည် နှင့် သက်ဆိုင်ရာ ကပ္ပတိန်တွေကို မိတ်ဆက်ပေးခဲ့ပေမဲ့ ၊ ဘယ်တပ်ဖွဲ့ က ဘာအထူးပြု ဆိုတာကိုတော့ မပြောခဲ့ဖူး ... ဒါက ဖာ့ဟွားအတွက် ဝင်ခွင့်စာမေးပွဲ စစ်သလိုမျိုးပါပဲ ..
ဘာလို့ဆို လန်ကော နဲ့ ဖာ့ဟွား က အသက်တွေငယ်လွန်းကြတယ် ... သူ မရှိတဲ့အချိန် တပ်ကို ဦးစီးမည့်သူက အရှင့်သား လန်ကော ဆိုပေမဲ့ ၊ အသက်ငယ်လွန်းတော့ သူစိတ်ပူနေမိတယ်...
အစက ဒီဝင်ခွင့်စာမေးပွဲသဘော စမ်းသပ်ချက်ကို လန်ကောအတွက်ရည်ရွယ်ထားပေမဲ့ ဖာ့ဟွားကို မိတ်ဆက်ပေးလာချိန် ၊ အစစ်ခံရမည့်သူက ဖာ့ဟွား ဖြစ်လို့သွားတယ် .

"ကပ္ပတိန်လိန်းလန် အဖွဲ့ကို ရွေးတယ်"
ဖာ့ဟွား က တုံ့ဆိုင်းခြင်းမရှိ ရွေးချယ်ခဲ့ပြီ ..

ဖာ့ဟွား ရဲ့ ရွေးချယ်မှုကြောင့် စိတ်အပျက်ဆုံးဖြစ်သွားရသူက သေချာပေါက် ကပ္ပတိန် လိတ်မင်းလီ ဖြစ်ပြီး သူက ခါးသီးစွါဖြင့် -
"သေချာတာပေါ့ ... မိန်းမလှလေးတွေဆိုတာ ငါတို့လိုလူသန်ကြီးတွေထပ် လူကြိုက်ပိုများတာပေါ့... အိုင်း..."

လိတ်မင်းယန် တဟားဟားရီရင်း သူ့ညီကို ဆူပူတယ် -
"မဟုတ်တာတွေ မပြောစမ်းနဲ့ ... ကဲပါ .. ပြိုင်ဖက်အဖွဲ့အတွက် ငါ မင်းကို ရွေးမယ်"

လိတ်မင်းလီ ရဲ့ ခါးသက်သက်မျက်နှာဘေးက ချက်ချင်း အပြုံးတွေဖြာဝေလာပြီး -
"ဟားဟားဟား !! Big boss က အကောင်းဆုံးပဲ ! မိန်းမလှလေး .. ဟေး ... မင်းတော့ သတိထားမှဖြစ်မယ်နော့"

အခန်းထဲဝင်လာကတည်းက စကားတစ်ခွန်းမှ မဆိုလာသေးသည့် လိန်းလန် က နှာမှုတ်ပြီး -
"ဟမ့် ... သတိထားရမဲ့သူက ရှင်ပဲဖြစ်လိမ့်မယ်"
ဒါပေမဲ့ အနဲငယ် မျက်မှောင်ကြုတ်ချင်နေတဲ့ သူမ မျက်နှာအမူအရာကို အကဲခတ်ခြင်းဖြင့် လိတ်မင်းလီ တပ်ဖွဲ့ နဲ့ ပြိုင်တိုက်ဖို့ အနဲငယ် စိတ်ပူနေပုံတော့ရှိသည်...
သူမ ဖာ့ဟွားကို လှမ်းကြည့်တော့ ဖာ့ဟွား က ရိုးရှင်းစွါဖြင့် ခေါင်းငြိမ့် ပြတယ်...

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Where stories live. Discover now