Chapter 53+54

293 44 1
                                    

Chapter 53 : For the Human
လူသားမျိုးနွယ် အတွက် ...

"လူသားမျိုးနွယ် ထာဝရ အဓွန့်ရှည်တည်တံ့နိုင်ပါစေသား"

"လူသားမျိုးနွယ် ထာဝရ အဓွန့်ရှည်တည်တံ့နိုင်ပါစေသား"

"လူသားမျိုးနွယ် ထာဝရ အဓွန့်ရှည်တည်တံ့နိုင်ပါစေသား"

......

မျှော်လင့်ချက် စိတ်အားထက်သန်မှု အပြည့်နှင့် ကျိန်ဆိုဆုတောင်းသံတို့သည် ဖာ့ဟွား နှင့် လန်ကော တို့ရဲ့ နားစည်မှာ ပဲ့တင်ထပ်လို့နေပြီး သူတို့ရဲ့ အသွေးအသားတွေထဲကနေပါ ပွက်ပွက်ဆူလာသည်ကို ခံစားရသည်...

ဘိုးဘေးနှစ်ယောက်ထဲက တစ်ယောက်ရဲ့ အသံကို ဖာ့ဟွား ဟိုးအရင်ကတည်းက ကြားဖူးခဲ့ပြီး ခုထက်ထိ သူ့ရင်ထဲမှာ စွဲမြဲမှတ်မိနေတယ်...
သူငယ်စဉ်အရွယ် ပထမဆုံးကျမ်းစာရွက်ကို ကျမ်းကျောင်းဆောင်မှာ သွားတောင်းခံတော့ ကြားဖူးခဲ့တဲ့ အသံပဲ ..

'ရေခဲခေတ်အစောပိုင်းမှာ မှော်နယ်မြေရဲ့ ဘိုးဘေးတွေ... ဥပဒေကျမ်းတို့၏ ပထမဆုံးကျမ်းတော်ကို နတ်ဘုရားတို့ထံမှ လက်ခံရရှိခဲ့သည်'

x

လန်ကော သူ့ခမည်းတော် ပြောပြဖူးခဲ့တဲ့ နာမည်တစ်ခုကို မှတ်မိသေးတယ် ... ဘိုးဘေး လန်ချုန် က ဒြပ်စင်ပင်လယ်ကို ပထမဆုံး ရှာဖွေတွေ့ရှိသူဖြစ်ပြီး ထိုကနေတဆင့် အပြာရောင်နယ်မြေ မှာ လွတ်လပ်သည့်နိုင်ငံတော် ကို စတင်တည်ထောင်ခဲ့သတဲ့ ..

ဖာ့ဟွားနှင့်လန်ကော .. အလွန် မနှစ်မြို့ခဲ့သည့် ၊ အချိန်တိုင်းဖယ်ရှားပစ်ဖို့ကြိုးစားနေခဲ့သည့် တုနှိုင်းမဲ့ပုလဲ ဟာ ... အမိန့်နိုင်ငံတော် နှင့် လွတ်လပ်သည့်နိုင်ငံတော် တို့ကို စတင်တည်ထောင်ပေးခဲ့သည့် ကြီးမြတ်သည့် ဘိုးဘေးနှစ်ပါး ဖန်တီးထားခဲ့တဲ့ အရာဆိုပါလား !!
ဒါ့အပြင် ဒီပုလဲနှင့်အတူ ဘိုးဘေး ၂ ပါး က လူသားမျိုးနွယ် အဓွန့်ရှည်နိုင်ဖို့ဆိုတဲ့ မျှော်လင့်ချက်ကြီးကို ထားခဲ့တယ် ...

ပုံရိပ်ယောင် ကမ္ဘာထဲကနေ ဘယ်အချိန်ကထွက်လာခဲ့တယ်ဆိုတာ သတိမထားမိနိုင်အောင်ထိ ဖာ့ဟွားနှင့်လန်ကော လှေဝမ်းထဲက အခန်းအလယ်မှာ ကျောက်ရုပ်ကြီးတွေလို ဆက်ထိုင်နေခဲ့ကြတယ်... သူတို့ကြားမှာတည်ရှိနေတဲ့ ပုလဲလုံးသည်လည်း ပျောက်ကွယ်သွားပြီဖြစ်ကာ နဖူးပေါ်တွင်သာ ရွှေရောင်လင်းနေဆဲ အမှတ်အသားတို့ ကျန်ခဲ့၏..
ဒါပေမဲ့ ... နဖူးပေါ်က တံဆိပ်က ပုံစံပြောင်းလို့သွားပြီး ၊ ခေါင်းနှစ်လုံးနှင့်လူသဏ္ဍာန် ကနေ လက်ချင်းဆုပ်ကိုင်ထားသည့် ပုံသဏ္ဍာန် ဖြစ်လို့နေပြီ ...

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Where stories live. Discover now