Chapter 27+28

313 43 4
                                    

Chapter 27 : ကောင်းကင်ဝံပုလွေ...

"စတုတ္တပွဲစဉ်မှာ ယှဉ်ပြိုင်ရမဲ့သူတွေက - မှော်နယ်မြေ ဖာ့ဟွား ၊ အပြာရောင်နယ်မြေ လန်ကော နှင့် မြင့်မြတ်နယ်မြေ မိုးကောင်းကင်ပြောင်းလဲခြင်းဂိုဏ်း - ထျင်းဂန်း၊ ထျင်းယန်..."

ကြေညာသံအဆုံး ဖာ့ဟွားနှင့်လန်ကော တို့ရဲ့အကြည့်တွေက မတိုင်ပင်ထားရပဲ  နားနေစင် ၏ တစ်ဖက်မှာရှိနေသော ရုပ်ချင်းအလွန်ဆင်သည့် အမျိုးသားနှင့်အမျိုးသမီးထံ ရောက်လို့သွားသည်..
ထိုသူနှစ်ယောက်ရဲ့ အရပ်တွေက သာမာန်လူငယ်တွေထပ် ၃ပုံ၁ပုံ ခန့် ပုပေမဲ့လို့ ခန္ဓာကိုယ်တည်ဆောက်ပုံတွေက လွန်စွါအချိုးကျလှ၏...

မြင့်မြတ်နယ်မြေထဲမှာ ဂိုဏ်းတွေအများကြီးရှိပေမဲ့လို့ ဂိုဏ်းငယ်အများစုဟာ အဓိကဂိုဏ်းကြီး(၃)ဂိုဏ်းနဲ့ ချိတ်ဆက်လို့နေတယ်...
ပြောင်းလဲခြင်းဂိုဏ်း မှ ဝက်ဝံကြီးရှုန်ကျန်း ဆိုလျှင် ငွေရောင်ကြာပန်းဖြူ -ယင်လျင်းဂိုဏ်းကြီး နှင့်ဆက်နွယ်နေသလို ယခု ကောင်းကင်ပြောင်းလဲခြင်း ဂိုဏ်းဟာလည်း ထိုနည်းလည်းကောင်း ပါပဲ ...

ထျင်းမျိုးနွယ်နှစ်ယောက်ဟာ နားနေစင်ပေါ်ကိုရောက်လာကတည်းက မည်သူတစ်ဦးတစ်ယောက်နှင့်မျှ စကားပြောဆိုခြင်းမရှိ ၊ သီးသန့် နှစ်ယောက်တည်းသာ ဒေါင့်တစ်ဒေါင့်မှာနေပြီး စင်ပေါ်ကလူတွေကို အကဲခတ်နေခဲ့တယ်..
ထျင်းမျိုးနွယ်တွေက ကြည့်ကောင်းပြီး သူတို့ပုံစံတွေက လူသားနှင့်မတူ ၊ အေးဆေးတည်ငြိမ်သော တိရစ္ဆာန်မျိုးနွယ်တွေနဲ့ပဲတူနေတယ်...
သူတို့ရဲ့ အရပ် ၊ သူတို့ရဲ့ အပြင်ပန်းပုံစံတွေကို ကြည့်ရုံနဲ့တင် ကောင်းကင်ပြောင်းလဲခြင်းမျိုးနွယ် တွေဆိုတာ တန်း သိနိုင်ပါ၏...

ဖာ့ဟွားနှင့်လန်ကော သည် အသက်ငယ်လှသည့်အပြင် မြင့်မြတ်နယ်မြေ ကိုလည်း ယခုမှ ပထမဆုံးအကြိမ်ရောက်ဖူးကြသည်မို့ ဒီနယ်မြေက ဂိုဏ်းတွေ မျိုးနွယ်တွေ အကြောင်း သူတို့ ဘာမှသိပ်မသိ ...
ဒါပေမဲ့ ဒီ ထျင်းမျိုးနွယ် အတွဲ က ထိပ်တန်း အဆင့် (၁၂) အထိ ဝင်လာခဲ့ပြီဆိုမှတော့ သာမာန်ပေါ့သေးသေး ဖြစ်ပါတော့မလား?

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Hikayelerin yaşadığı yer. Şimdi keşfedin