Chapter 49+50

299 46 2
                                    

Chapter 49 : The Sage of Leicheng...

ဘုရင်ကြီးလန်ရှင်း ၏ ငွေရောင်ချပ်ဝတ်ပေါ်တွင် ထျန်းမိုယဲ့မင် ၏ လက်ဝါးရိုက်ချက်က ဒဲ့ထိ၏...
ယဲ့မင် အလွယ်တကူ ရိုက်ချ ၊ ဖောက်ထွက်သွားသည့် ထိုငွေရောင်ချပ်ဝတ်သည် .. ၉နေ့ ၉ည တိတိ မိုးကြိုးဒြပ်စင်တွေကို စုဆောင်းသိုလှောင်ထားပြီး ရေခဲနှင့်ရိုက်ကာ ဖန်တီးထားသည့် အဆင့်မြင့်မိုးကြိုးချပ်ဝတ်ဖြစ်တယ် ..

// ဘုန်း //

"မဖြစ်ရဖူး!!!"
ခင်ပွန်းဖြစ်သူ လွင့်စင်သွားပြီး ပေါက်ကွဲကာ မျက်စိတမှိိတ်အတွင်း အရိုးတောင်မကျန် ၊ အမှုန်ဘဝရောက်သွားသည်ကို ဘုရင်မ ရှင်းယွမ် အလန့်တကြား အသံကုန်အော်ဟစ်မိရုံကလွဲ၍ ဘာမှမတတ်နိုင်ခဲ့ ...

"ကောင်းကင်နတ်ဆိုး ၊ ထျန်းမိုမျိုးနွယ် ၂၄ ယောက်ရှိတဲ့အနက် .. ငါက အဆင့်-၂၃ မှာရှိတယ်"
ယဲ့မင်က ပုစ္ဆာတစ်ပုဒ်ကို ရှင်းပြနေသည့်ဟန် အေးအေးလူလူဖြင့် -
"...ငါ့လိုလူမျိုးကို မင်းတို့ရဲ့ အဆင့်လောက်နဲ့ နိုင်မယ်လို့တွက်ထားရဲတယ်ပေါ့??"
သူမရဲ့ပတ်ပတ်လည်ရှိလူသားတို့၏ ကြောက်ရွံ့မှု ၊ အံ့အားသင့်မှု ၊ ဒေါသပုန်ထနေမှု တို့ကို သူမက အရသာခံ လိုက်ကြည့်ကာ သဘောအကျကြီးကျနေတယ်..

ဘုရင်ကြီးလန်ရှင်း၏ ပေါက်ကွဲသွားမှုက အကုန်လုံးကို အသိပြန်ဝင်စေလာပြီး ...

"ပါး!!!"
ယူကြုံးမရစွါ သံကုန်ခြစ် အော်ခေါ်လိုက်သော လန်ကော...
ဖာ့ဟွား၏လက်ကို လွှတ်ကာ ကမူးရူးထိုးဖြင့် ထျန်းမိုယဲ့မင် ဆီ ပြေးဝင်သွားဖို့ ကြိုးစားချိန် ...
လန်ကော နှင့် ယဲ့မင် ကြား လူတစ်ယောက် ရုတ်တရက် ကြားဖြတ်ဝင်လာတယ် ...
ထိုလူပုံသဏ္ဍာန်သည် စိမ်းပြာရောင်တွေတောက်နေပြီး နန်းရင်ပြင်တစ်ခုလုံးကိုတောင် စိမ်းပြာရောင်တွေ ဖုံးလွှမ်းသွားစေပြီး ယဲ့မင် မျက်နှာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် အံ့အားသင့်ရိပ်တို့ ဖြတ်ပြေးသွားလျက် -
"ကိုယ့်ကိုကိုယ် ဖောက်ခွဲမလို့??"

၁၀မီတာကျော်ရှည်သည့် စိမ်းပြာရောင် ဖီးနစ်ငှက်သည် နန်းရင်ပြင်တွင် အတောင်ပံတွေဖြန့်လျက် ၊ နှလုံးကွဲကြေနေသည့် သူမရဲ့ မြည်တွန်သံက မိုးကြိုးမြို့တော် တစ်ခုလုံးကိုပင် ကြားစေခဲ့သည် ...

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Where stories live. Discover now