Chapter 152+153

220 27 0
                                    

(Unicode)

Chapter 152 : The Law of Destruction...
ဖျက်ဆီးခြင်းစွမ်းအင် ဥပဒေ ...

ရွှေရောင်တစ်ချက်လက်လာပြီး ဖာ့ဟွားနှင့်လန်ကော ပြန်ပေါ်လာချိန် ထျန်းမိုချီမင် ရဲ့ မျက်လုံးတွေက ကျဉ်းမြောင်းလို့သွားတယ် ..
ဖာ့ဟွားတို့ပျောက်သွားတာက အပြင်ကမ္ဘာမှာ စက္ကန့် ၃၀ မျှသာ ဆိုပေမဲ့ ပုလဲပုံရိပ်ယောင်နယ်မြေထဲမှာက ကြာချိန် ၃ဆ မို့ သူတို့ရဲ့ စွမ်းအားတွေက ထိပ်ဆုံးကို ပြန်ရောက်လို့နေပြီ ...

ဖာ့ဟွားက အချိန်ဆွဲနေခြင်းမရှိ -
"ကမ္ဘာမြေကို ထိန်းချုပ်ခြင်း!"

ထျန်းမိုချီမင်ရဲ့ ခြေထောက်အောက်တွင် ၃မီတာအချင်းရှိသည့် ရွှေရောင်စက်ဝိုင်းတစ်ခု ပေါ်လာ၏ ...
ဖာ့ဟွားတို့ပျောက်သွားကတည်းက ချီမင် သည် အနှေးနှင့်အမြန်ဆိုသလို လူသား၂ယောက် ပြန်ပေါ်လာကြမည်ဟု တွက်ဆထားကာ အမြဲသတိကပ်နေခဲ့တာကြောင့် ရွှေစက်ဝိုင်းပေါ်လာချိန် ချက်ချင်းထပြေးတယ် ...
ထျန်းမိုချီမင် က အင်မတန်မြန်ပေမဲ့ ဖာ့ဟွားရဲ့ ရွှေစက်ဝိုင်းကလည်း သာမာန်မဟုတ်ခဲ့ ...
ရွှေစက်ဝိုင်းကနေ ရွှေပိုက်ကွန်ကြီးဖြန့်ကားထွက်လာပြီး ရွှေပိုက်ကွန်ကြီးက မီတာ ၁၀၀ ကျယ်ပြန့်၏ ...
သွေးနီရောင်လင်းနို့ပုံစံနှင့် ထျန်းမိုချီမင် ပိုက်ကွန်ထဲမှာ ပိတ်မိသွားခဲ့လေပြီ !!

ကျမ်းစာမျက်နှာ - ၈ ... ဖန်တီးခြင်း ..
ဒီစာမျက်နှာက ဖာ့ဟွားအတွက် အများကြီး အထောက်အကူပြုခဲ့တယ် ... စာမျက်နှာနာမည် - ဖန်တီးခြင်း ဆိုသည့်အတိုင်း ဖာ့ဟွားအရင်ပိုင်ဆိုင်ထားခဲ့သည့် စွမ်းရည်တွေတိုင်းကို ထပ်ဆင့် အဆင့်မြင့်ဖန်တီးခွင့်ရခဲ့သည် ...

"အတောင်ပံနှင့်တစ်ယောက် ... ဓါတ်လိုက်ပေတော့!!!"
လန်ကော လက်ညှိုးကို ချီမင်ရှိရာသို့ ရွယ်လိုက်ချိန် လက်ညှိုးကနေ မြွေသဏ္ဍာန် လျှပ်စီးသေးသေးမျှင်မျှင်လေးတွေ အများကြီးထွက်လာတယ် ...
မြွေလျှပ်စီးမျှင်တွေကို မြင်တော့ ချီမင်ချက်ချင်းပင် လင်းနို့ကိုယ်ထည်ကြီးကို ဖြိုခွဲကာ လင်းနို့ငယ်လေးတွေအဖြစ် ပြောင်းလဲပြီး ပိုက်ကွန်ကနေ ရုန်းထွက်ဖို့ကြိုးစားတယ်...
၃ပုံ၁ပုံ ခန့် လွတ်သွားပေမဲ့လို့ ကျန်နေခဲ့သည့် အကောင်တွေသည် လန်ကောရဲ့ မြွေလျှပ်စီးဒဏ် တိုက်ရိုက်ထိပြီး ချက်ချင်းပေါက်ကွဲပျက်စီးသွားသည်...

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Where stories live. Discover now