Chapter 82+83

239 32 2
                                    

Chapter 82 : Good Luck Comes...
ကံကောင်းခြင်းတွေရောက်လာပြီ...

လန်ကောရဲ့ တုံ့ပြန်စကားကြောင့် ဖာ့ဟွား ခေတ္တကြောင်သွားပြီး ... ရှက်သွားကာ လန်ကော ကို ခြေထောက်နှင့်လှမ်းကန်တယ်...
လန်ကော တဟားဟား တဟီးဟီးရီပြီး ခုန်ရှောင်ရင်း -
"တစ်နှစ်ထဲ ၊ တစ်လထဲ ၊ တစ်ရက်ထဲ ၊ တစ်ချိန်ထဲ မှာ အတူသေရမဲ့ ငါတို့နှစ်ယောက်က ညီအစ်ကိုအရင်း သွေးချင်းတွေထပ်တောင် ကံတရားပိုနီးစပ်နေသေးတယ် ...
အချိန်ကို ဆွဲဆန့်လိုက်တာပဲဖြစ်ဖြစ် ၊ ချုံ့လိုက်တာပဲဖြစ်ဖြစ် .. အဆုံးသတ်မှာ သေခြင်းတရားက စောင့်ကြိုနေမှာပဲဆိုတော့ ... စိတ်ညစ်ပြီး သေသွားမှာထပ် ၊ ရီရီမောမော နဲ့ သေသွားရတာ ပိုမကောင်းဖူးလား??"

ဖာ့ဟွား အသာခေါင်းငြိမ့်ကာ -
"အင်း"

နှစ်ယောက်သားကြမ်းပြင်ပေါ်ပြန်ထိုင်ချလိုက်ပေမဲ့ လေ့ကျင့်ဖို့တော့မဟုတ် ... ဒီအချိန်ကြီးရောက်လာမှ ဓါးသွေးဖို့ကြိုးစားနေလည်း ဘာမှထူးပြီးဖြစ်လာမှာမှမဟုတ်ပဲ...
ဘေးချင်းယှဉ်ထိုင်နေရင်း စပ်စုတတ်သည့် လန်ကောက -
"အစောနတုန်းက ... မင်းရဲ့ခန္ဓာကိုယ်ကို တစ်ပါးသူ မြင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး မင်းဆတ်ဆတ်ထိမခံဖြစ်ခဲ့တာလေ ... အဲ့တာဘာကြောင့်လဲ?? အကြောင်းရင်းအမှန်ကို ပြောပြစမ်းပါကွာ !! မသေခင် ငါ့ကို ပျော်ရွှင်အောင်လုပ်ပေးစမ်းပါ"

ဖာ့ဟွား မျက်လုံးတွေလှိမ့်လိုက်ပြီး -
"ငါ့ရဲ့ကိုယ်လုံးတီးခန္ဓာကိုယ်ကိုမြင်ခဲ့တဲ့မင်းဟာ... အကယ်၍ အမျိုးသမီးတစ်ဦးဖြစ်နေခဲ့မယ်ဆိုရင်... ငါမင်းကို လက်ထပ်ယူရလိမ့်မယ်..."

လန်ကော ကြက်သီးတွေတဖြန်းဖြန်းထတုန်တက်သွားပြီးသကာလ -
"ဘာရယ်!? ဒါက ဘယ်လို ဥပဒေမျိုးကြီးလဲ?? ငါနဲ့မင်းက မြင်မိရုံနဲ့လက်ထပ်ရမယ်!!? ပြီးတော့ ... ဘာလို့ ငါ့ကို အမျိုးသမီးဖြစ်ခဲ့ရင် လို့ လာပြောရတာလဲ?? မင်းကိုယ်မင်းလည်း အမျိုးသမီး လို့ နှိုင်းပြောလို့ရတာပဲလေ!"

ဖာ့ဟွား နှုတ်ခမ်းတွေတွန့်လျက် -
"ဒီလိုကိစ္စနဲ့ပတ်သက်ပြီး ရန်ဖြစ်ရမှာ အဓိပ္ပါယ်ကော ရှိရဲ့လား??"

"နေအူး!!!"
လန်ကော တစ်စုံတစ်ခုကို တွေးမိလိုက်ဟန် ခေါင်းကို ချာကနဲလှည့်ပြီး ဖာ့ဟွားကို အသေအချာကြည့်လာတယ်...
လန်ကော ရဲ့ ထူးဆန်းတဲ့အကြည့်တွေကြောင့် ဖာ့ဟွား တမျိုးဖြစ်လာရကာ -
"ဘာလို့ငါ့ကို လာကြည့်နေတာလဲ?"

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Where stories live. Discover now