Chapter 63+64

298 38 0
                                    

Chapter 63 : The Elder of Bitian Island ...
ပီထျန်းကျွန်း အကြီးအကဲ....

ပီထျန်းကျွန်းပေါ်ကသူတွေရဲ့ သဘောထားကို မသိရသေးသည်မို့ ဖာ့ဟွားနှင့်လန်ကော ဆန့်ကျင်ခြင်းမပြုပဲ လွိ့ယွင်းနောက်က အမြန်လိုက်နိုင်ဖို့ကြိုးစားပြီး ဖာ့ဟွားဦးဆောင်ကာ နွယ်ကြိုးတစ်ချောင်းကို ခုန်ဆွဲလိုက်တယ် ... ထူးဆန်းပါဘိ!
နွယ်ကြိုးကို လှမ်းဆွဲဖို့ ခုန်လိုက်ချိန် သူ့ခြေထောက်အောက်မှာ တွန်းကန်အားတစ်ခုရှိနေသလို အလွယ်တကူပင် ခပ်မြင့်မြင့်ကို ခုန်နိုင်နေ၏...
နွယ်ကြိုးစီးပြီးခရီးသွားဖူးတာ ပထမဆုံးအကြိမ်မို့ အနဲငယ် ကို့ရို့ကားယားနိုင်ပြီး လေထဲမှာ ဟန်ချက်မထိန်းနိုင်ချင်သလို ဖြစ်နေပြီး လမ်းကြောင်းကလည်း လွှဲနေသေးသည် ...

ဖာ့ဟွားနှင့်လန်ကော ရဲ့အတွေး၊ခံစားချက်တွေကဆက်နေသည်မို့ ဖာ့ဟွား ကို အဆင်မပြေဖြစ်စေခဲ့သည့် နည်းလမ်းတွေကို လန်ကော က သူ့ကလှည့်မှာ ကြိုတင်ရှောင်ရှားလိုက်နိုင်ကာ လန်ကောရဲ့နွယ်ကြိုးစီးခြင်း က ဖာ့ဟွားထပ်တော့ ကြည့်ကောင်းခဲ့သည်...
လေဒြပ်စင်ကို ဖာ့ဟွားကိုယ်မှာ ရစ်သိုင်းပေးလိုက်ပြီး လမ်းကြောင်းကို ထိန်းညှိကူပေးလိုက်တယ် ...

သူတို့နောက်တစ်ကြိမ် ခြေ
ထောက်ကာအားယူရမည့် ကြမ်းပြင်ကား သစ်ရွက်တွေနှင့် နွယ်ပင်တွေချည်းသာမို့ နဲနဲတော့ မျက်ခုံးလှုပ်မိတယ် ...
သို့သော် တကယ့်တကယ် ခြေချပြီး အားယူခုန်လိုက်ချိန် ၊ ပထမဆုံးစခုန်လိုက်သည့်အတိုင်း အောက်ကနေ တွန်းကန်အားရှိနေပြီး သူတို့အလွယ်တကူ ခုန်နိုင်နေသည်...

လေထဲကို ခုန် ၊ နွယ်ကြိုးကို ဖမ်းဆွဲ လွှဲစီး ၊ ခြေထောက်ပြန်ထောက်ကာ နောက်တစ်ကြိုးကိူ ပြန်ခုန်ဆွဲလိုက်နှင့် ... ပီထျန်းကျွန်းပေါ်တွင် သူတို့ (၃)ယောက်သည် မျောက်လွှဲကျော်လေး(၃)ကောင်အလား ...

နွယ်စီးခြင်း အတတ်ပညာ နှင့် အသားကျလာပြီးသည့်နောက်မှ ဘေးပတ်ဝန်းကျင်ကို စတင်ကြည့်ရှူခံစားနိုင်တော့တယ်...
အိုး ... သိပ်ကို လှပပြီး ထူးဆန်းတဲ့ ပီထျန်းကျွန်း ပါလား !!

ရှေ့ကဦးဆောင်သွားနေသည့် လွိ့ယွင်း ရံဖန်ရံခါ အနောက်ကို လှည့် လှည့်ကြည့်ပေးပြီး ၊ ဖာ့ဟွားနှင့်လန်ကော တပ်ကြပ်မကွာ လိုက်လာနိုင်သည်ကိုမြင်ကာမှ စိတ်ချနိုင်သည်...

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Where stories live. Discover now