Chapter 112+113

214 26 2
                                    

Chapter 112 : My Girlfriend Is Coming !!
ငါကောင်မလေး ရောက်လာပြီ!!

ဖာ့ဟွားနှင့်လန်ကော တော်တော်လေး တုန်လှုပ်နေတယ်!!
စားသောက်ဆိုင်တံခါးဝကနေ ဝင်လာတဲ့သူက သူတို့ မမြင်ချင် ၊ မတွေ့ချင် ၊ မဆုံချင်ဆုံး ပုဂ္ဂိုလ်ဖြစ်နေလို့ပဲ!

အနီရောင်ရတနာဘုရင်မ ရဲ့ ဝတ်စားဆင်ယင်မှုက ပြောင်းလဲလို့နေသည် ... ပတ္တမြားနီရောင် ချပ်ဝတ်လည်း မဟုတ်တော့သလို ကျောနောက်ရှိ တံစဉ်းလက်တံတွေကိုလည်း မတွေ့ရတော့ဖူး ...
ကျားနတ်ဆိုးဘုရင်ကြီးနှင့်တိုက်ခိုက်အပြီး သူမရဲ့ ချပ်ဝတ်တန်ဆာတွေက သုံးစားမရအောင် ကျိုးပဲ့သွားလို့များလား??

သူမက နက်စွေးနေသော ဝတ်စုံရှည်ကို ဝတ်ဆင်လို့ထားတယ် ...
အဖြူ ၊ အနက် တို့ဖြင့် လိုက်ဖက်သော အမျိုးသမီး ခပ်ရှားရှားဆိုပေမဲ့ အနီရောင်ဘုရင်မ ဝတ်ဆင်ထားတော့ကျ .. အလွန်ပနံသင့်ပြီး ပိုလို့တောင် တော်ဝင်ဆန် ၊ နန်းဆန် သွားစေ၏ !

ဖာ့ဟွားနှင့်လန်ကော ကို ဆိုင်ထဲမှာရုတ်တရက်မြင်လိုက်ရချိန် ဘုရင်မ အနဲငယ် အံ့အားသင့်သွားပြီး သူတို့ရှိရာ စားပွဲဝိုင်းဆီသို့ တည့်မတ်စွါ လျှောက်လှမ်းလာတယ် ..
ဖာ့ဟွားနှင့်လန်ကော ချက်ချင်းမတ်တပ်ထရပ်ပြီး မန္တာန်ရွတ်ဆိုဖို့လည်း အသင့်ပြင်ထားပြီ!!
ဒါပေမဲ့ သူတို့ရောက်နေတဲ့နေရာက ဘိုးဘွားနန်းဆောင် .. ဒီနေရာမှာ အဆင့်မြင့်တဲ့ နတ်ဘုရားအဆင့် နတ်ဆိုးတွေ ၊ မိစ္ဆာတွေ ၊ ဝိဥာဏ်တွေ အများကြီးရှိနေတယ် .. ဘုရင်မ သူတို့ကို တစ်ခုခုလုပ်မယ်ဆိုရင် သူမရဲ့အစွမ်းက တခြား နတ်ဘုရားအဆင့်တွေကို ဖိတ်ခေါ်ရန်စသလို ဖြစ်သွားစေလိမ့်မယ် ..
ဒါကြောင့် လန်ကော မရဲတရဲဖြင့် -
"ဒီနေရာက ဘိုးဘွားနန်းဆောင် နော်.."

ရှန့်လျင်းဖန်တီးထားသည့် ငွေရောင်အကာအကွယ်အုပ်ဆောင်းက အနီရောင်ဘုရင်မရဲ့ လက်ညှိုးနဲ့တစ်ချက်အတောက် မှာ ကြေမွပျက်စီးသွားခဲ့တယ် ..
ရေပူဖောင်းတစ်လုံးကို လက်နဲ့အသာတို့ထိလိုက်ရုံ ပေါက်ကွဲသွားသလိုလေးပဲ ...

အနီရောင်ဘုရင်မ လန်ကော ကို တဲ့တဲ့ကြည့်လာပြီး -
"မင်းတော်နေက ဘာပြောလိုက်တာ??"

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Where stories live. Discover now