Chapter 118+119

224 27 1
                                    

Chapter 118 : Good boy...
လိမ္မာတဲ့ကောင်လေး...

// ထျန်း ထျန်း ထျန်း ထျန်း //
သလင်းနီဓါးများနှင့်ဟွေ့ကျင်းဓါး တို့၏ ထိခတ်သံတို့က အဆက်မပြတ်..
ဖာ့ဟွား (၄)ယောက်စလုံးရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရွှေရောင်အလွှာတစ်ခု ထူထူထဲထဲရှိနေပြီး ခန္ဓာကိူယ်ကို ဒိုင်းသဖွယ် ပြုမူထားစေသည်...

ဖာ့ဟွားအနေနဲ့ ဆုတ်ခွါပြေးလို့လည်းမရသလို ၊ ခန္ဓာကိုယ်ကိူ မထိခိုက်မိအောင်လည်း သတိထားကာကွယ်နေရသည်... သူဒဏ်ရာရသွားလျှင် လန်ကော ပါ တဝက်ခံစားရမည်မို့ လန်ကော ပြင်ဆင်နေသည့်ဒြပ်စင်ဗုံး မှာ သွားပြီး သက်ရောက်မှုရှိသွားမည်...
ယခုအချိန် လန်ကော လိုအပ်နေသည်က အချိန်တင်သာမက ၊ အလုံးစုံအာရုံစူးစိုက်မှုပါဖြစ်တယ် !

လန်ကောရဲ့ ခန္ဓာကိုယ်က စိမ်းပြာရောင် ကနေ အနီရောင် ၊ အနီရောင်ကနေ ခရမ်းရောင် ၊ ခရမ်းရောင်ကနေ အပြာရောင် ...
အရောင်တွေတလှည့်စီပြောင်းနေသလို လန်ကောရဲ့ မျက်နှာဟာ နာကျင်မှုကြောင့် နဖူးကြောတွေတွန့်နေပေမဲ့ သူက မလျော့သောဇွဲဖြင့် တည်ငြိမ်စွါ ကြိုးစားပေါင်းစပ်နေဆဲ ...
ဖာ့ဟွားနှင့်သူနဲ့က ပုလဲကနေတဆင့် ဆက်နွယ်နေသည်မို့ ဖာ့ဟွား ဘယ်လောက်ပင်ပန်းနေတယ် ၊ ဖိအားဘယ်လောက်ခံနေရတယ်ဆိုတာ သူသိတယ် .. ဒါကြောင့်မို့ နဲနဲလေးမှ အလွဲအချော်မရှိအောင် သူသေချာ အာရုံစိုက် နေခြင်းပဲ !

ဖာ့ဟွား ပထမစာမျက်နှာထဲက တိမ်တိုက်တစ်ခုကို ယူသုံးလိုက်တဲ့အချိန် ... လန်ကော ရင်ထဲမှာ တစ်စုံတစ်ခု ကျိုးပဲ့သွားသလိူ ခံစားလိုက်ရတယ် ...
ဖာ့ဟွားက ကျင့်ကြံစဉ်အဆင့်ကျသွားစေမဲ့ လုပ်ရပ်ကို သူ့အတွက် တစ်ချက်လေးမှ မတွန့်မဆုတ်ပဲ စတေးပစ်ခဲ့တယ်...
ဖာ့ဟွား သူ့ကို 'ရေမြွေခါးနဲ့လန်ကော' လို့ တစ်သက်လုံးခေါ်မယ်ဆိုရင်တောင် သူလုံးဝ စိတ်ဆိုးနိုင်တော့မှာမဟုတ်ဖူး...

// ထျန်း ထျန်း ထျန်း //
ဓါးချင်းထိခတ်သံတွေက ကျယ်လောင်စွါ ဆက်ပေါ်ထွက်နေပေမဲ့လို့ ...
ကြာချိန် ၁၀ မိနစ်ခန့်မှာ ရွှေရောင်တွေ အားဖျော့တော့လာတယ် ...
ဖာ့ဟွားမျက်နှာက ဖြူလျော်လာပြီး အဆင့်-၈ အထိတ်အထိပ်ကနေ တဖြေးဖြေးချင်း အဆင့်-၈ ကို ကျဆင်းနေတာကို ခံစားမိတယ်...
လန်ကော အတွက် အချိန်ထပ်ဆွဲပေးဖို့လိုသေးတာကြောင့် အဆင့်-၇ ကိုလုံးဝမကျသေးခင် ၊ ရသည့်အချိန်လေးမှာ... ဖာ့ဟွား နဲနဲလေးတောင်မတုံ့ဆိုင်းပဲ ပထမစာမျက်နှာကိုထပ်လှန်ကာ တိမ်တိုက်တစ်ခုကို ထပ်ယူသုံးဖို့ပြင်လိုက်၏...

The Land of Miracles ((အံ့ဖွယ်များနှင့် နယ်မြေ))Donde viven las historias. Descúbrelo ahora