" တည့်ပဲမေးတော့မယ် မင်းစိုင်မွန်ရှင်းခန့်ကိုချစ်လား "

ချန်းမင်းထိုက်က အတည်ပေါက်မေးလာတာမို့ ခွန်းသန့်ကမျက်မှောင်ကုတ်ကာ နှုတ်ဆိတ်သွား၏။ ခွန်းသန့်ရှိန်၀ါရဲ့အပြုအမူအားကြည့်တာနှင့် ချန်းခန့်မှန်းလို့ရတာဖြစ်သည်။

" မင်းစိုင်မွန်ကိုမချစ်ဘူးဆိုတာငါသိတယ်ရှိန်၀ါ မင်းစိတ်ကြိုက်ကစားနေတဲ့သူတွေထဲမှာ ငါ့ကောင်လေးကိုမထည့်နဲ့။ သူစိတ်ဆင်းရဲရင် ငါလည်းမနေတတ်ဘူး "

ခွန်းသန့်ရှိန်၀ါက ထုံပေပေဖြင့်သာ တုံ့ပြန်လာသည်။ အခုတလော မည်သူနှင့်မျှသတင်းမထွက်ပဲ ခြေငြိမ်နေတဲ့ခွန်းသန့်အား ချန်းစူးစမ်းချင်လာ၏။ ဘာအကြောင်းကြောင့်များ ငြိမ်သက်နေလဲဆိုတာချန်းသိချင်တာဖြစ်သည်။

" မင်းအခုဘယ်သူနဲ့တွဲနေလဲ "

" ဘယ်သူနဲ့မှမတွဲဘူး "

" ဒါဆိုအီစီကလီလုပ်နေတဲ့ကောင်မလေး ဘယ်နှယောက်ရှိပြီလဲ "

" ဘယ်သူနဲ့မှမလုပ်ဘူး စိတ်ရှုပ်လိို့ "

" ခွန်းသန့်ရှိန်၀ါတို့ခြေငြိမ်နေတာနော် ဘယ်သူ့ဆီမှာခြေငြိမ်နေတာလဲ "

ချန်းကစကားနှိုက်ကာ မေးသော်လည်းခွန်းသန့်ရှိန်၀ါက ပေကပ်ကပ်ဖြင့်မပြောပေ။

" ငါတို့နှစ်ယောက်ကို စိုင်မွန်စောင့်နေလောက်ပြီ သွားရအောင် "

ချန်းက သူတို့စားပွဲရှိရာပြန်ခေါ်လာပြီး အစားအသောက်များမှာပေး၏။ ချန်းက စိုင်မွန်အားအသေးစိတ်အပြုအမူကအစ ဂရုစိုက်ပေးတာဖြစ်သည်။ စိုင်မွန်ကလည်း ချန်းရဲ့အပြုအမူတွေကိုစောင့်ကြည့်နေပုံရ၏။ သို့ပေမယ့် နေရာတကာ၀င်ရှုပ်လွန်းတဲ့ ခွန်းသန့်ရှိန်၀ါကြောင့် ချန်းမလွတ်လပ်ပေ။

" ဒါနဲ့ဟိုတနေ့က ငါ့ရဲ့Instagramကို ဟိုအစ်ကိုလာ Followသွားသေးတယ် ဆန်းရှိုင်းဘာဆိုလားပဲ "

စကားဆုံးသည်နှင့် ခွန်းသန့်ရှိန်၀ါက ပါးစပ်ထဲ၀ါးလက်စအစားကိုငုံထားကာ ချန်းအားမော့ကြည့်၏။ ဆန်းရှိုင်းဆိုသော အသံကြားသည်နှင့် အပြုအမူထူးဆန်းလာသောခွန်းသန့်ရှိန်၀ါအား ချန်းရိပ်မိနေတာဖြစ်သည်။ အခုတလော ရှိုင်းနဲ့သာတွဲသွားတွဲလာဖြစ်နေသည်ကို စိုင်မွန်ပြောပြလို့ချန်းသိပြီးပြီဖြစ်သည်။ ထို့ကြောင့်လည်း ခွန်းသန့်ရှိန်၀ါရဲ့စိတ်အားတမင်ထိုးဆွလိုက်တာဖြစ်သည်။ အထူအပါးနားမလည်တဲ့ခွန်းသန့်ရှိန်၀ါအား ချန်းပြန်၍လက်စားချေလိုက်ပြီဖြစ်သည်။

Twenty Six RevengeWhere stories live. Discover now