13

7.4K 580 208
                                    

" အခန်းထဲမှာ အန်ကယ်ကြီးရောက်နေပါတယ်အစ်ကိုလေး "

အလုပ်မှပြန်လာသည်နှင့်ကြားလိုက်ရသည့်စကားကြောင့် ချန်းရဲ့မျက်နှာမှာ ချက်ချင်းတင်းမာသွားပြီး သူ့အခန်းထဲသို့သာခြေလှမ်းကျဲသွားဖြင့် ပြေး၀င်သွားသည်။

" ဘာလာလုပ်တာလဲ "

ချန်းမင်းထိုက်က သူ့အခန်းထဲ၌လက်နောက်ပစ်ကာစူးစမ်းနေသူအား မကြိုဆိုသည့်အသံဖြင့်လှမ်းပြောသည်။ တစ်ဖက်လူက ငါးဆယ့်ရှစ်နှစ်အရွယ်လူကြီးပိုင်းဖြစ်သော်လည်း ချန်းပုံစံနည်းတူတည်ကြည်ကာ မျက်နှာအေးသည်။ ချန်းကအလိုမကျစွာပြောဆိုလာသော်လည်း တစ်ဖက်လူကအပြစ်မမြင်ပဲပြုံးပြလာသည်။ ထိုလူက မြို့တော်၀န်ဦးစစ်ချန်းဖြစ်သည်။

" ဘယ်တော့အိမ်ပြန်လာမလဲ "

ဦးစစ်ချန်းကနူးညံ့စွာမေးလိုက်တော့ ချန်းမင်းထိုက်ကချက်ချင်းအကြည့်လွှဲကာ လုပ်စရာရှိသည့်အလုပ်များကိုဆက်လုပ်သည်။

" ဘယ်အိမ်လဲ? ဒါကျွန်တော့်အိမ်ပဲ "

" ချန်း "

" ဘာလို့ဒီအထိလိုက်လာတာလဲ လူကိုစိတ်အနှောင့်အယှက်ဖြစ်အောင် "

" ခေါင်းမမာပါနဲ့တော့ သားရာ "

ချန်းမင်းထိုက်က ဦးစစ်ချန်းရဲ့တစ်ဦးတည်းသောသားဖြစ်သော်လည်း ချန်းကလူသိမခံပေ။ ဦးစစ်ချန်းရာထူးတက်သွားသည့်အချိန်တည်းက ချန်းကတစ်ယောက်တည်းနေကာ ဇာတ်မြုပ်နေတာဖြစ်သည်။

" ဒီအပတ်သောကြာနေ့ကျရင် သွန်းပန်းမြို့နယ်က အလယ်တန်းကျောင်းမှာအခမဲ့ဆေးကုပေးဖို့ရှိတယ် အဲ့တာ.. "

" လုပ်အားလာပေးဖို့ပြောမယ်မလား အဲ့အခါကျရင်အဖေ့ကို လူတွေကပိုလေးစားပြီးယုံကြည်လာကြမယ်လေ ဟုတ်တယ်မလား "

" ချန်း "

" ကျွန်တော်လာမှာမဟုတ်ဘူး မျှော်မနေနဲ့ "

" မင်းတကယ်ပဲ ခေါင်းမာနေတော့မှာလား "

" ဂုဏ်တွေအာဏာတွေကို အဖေအရမ်းမက်တာပဲလား "

ချန်းမင်းထိုက်က ဦးစစ်အားစူးစိုက်ကြည့်ကာမေးလိုက်တော့ သားအဖနှစ်ယောက်ကြားတင်းမာလာသည်။

Twenty Six RevengeKde žijí příběhy. Začni objevovat