33

5.6K 405 46
                                    

" ဒါဆိုလည်းမထိန်းချုပ်ပဲပိုင်ဆိုင်လိုက်လေ ငါကမင်းအတွက်ဆိုဘယ်တုန်းကများ တွေ၀ေဖူးမှာလဲ။အချစ်ကလေးက ငါ့ကိုရင်နာအောင်သိပ်ပြောတတ်တာပဲ "

" ကျွန်တော်ကလေ12နှစ်အရွယ်တည်းက ပျော်ရွှင်မှုနဲ့နွေးထွေးမှုဆိုတာကို အလှမ်း၀ေးခဲ့တဲ့ကောင်ပါ။ ဒါပေမယ့်အခုတော့ အဲ့ဒီပျော်ရွှင်ခြင်းနဲ့နွေးထွေးမှုက ဘယ်လောက်ထိကြည်နူးစရာကောင်းသလဲဆိုတာကို ကိုယ်တိုင်ခံစားတတ်နေပြီ။ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ဘ၀မှာဆန်းရှိုင်းလေးကိုရှာတွေ့ခဲ့လို့ "

သူ့မျက်နှာကိုစူးစူးနစ်နစ်ကြည့်ကာ ၀န်ခံလာတဲ့အမျိုးသားကြောင့်ရှိုင်းအတိုင်းအဆမရှိပြုံးရယ်လိုက်၏။ချစ်လိုက်တာဆိုသည့်စကားက ရှိုင်းရင်ထဲအမြဲခိုလှုံနေမိသည့်စကားစုဖြစ်သည်။အချစ်ကလေးစိတ်ထဲ ပျော်ရွှင်ရရင်ပဲထပ်တူရွှင်လန်းမိပါရဲ့။

" ငါ့ဘ၀မှာလည်း မင်းကိုချစ်ခွင့်ရခဲ့တာအကောင်းဆုံးဆုလက်ဆောင်ပါပဲ ငါ့ဆီမှာမင်းကိုချစ်ပေးရုံအပြင်အခြားလောဘမရှိတော့ပါဘူး "

" မောင်ငိုပါပြီ "

ခွန်းသန့်က ရှိုင်းပါးပြင်ပေါ်စူးစူးနစ်နစ်နမ်းရှိုက်ရင်း ရှိုင်းရဲ့ခန္ဓာကိုယ်ကို တင်းကျပ်စွာဖက်ထားမိ၏။မြန်ဆန်လာသည့်အသက်ရှုသံတွေက နှစ်ကိုယ်ကြားရှင်းရှင်းလင်းလင်း။ ပိုမိုကြမ်းတမ်းလာတဲ့အနမ်းတွေကလည်း ခန္ဓာတွင်းအပူချိန်ကိုတောင်မြင့်တက်လာစေရသည်။

ခြင်ထောင်တွင်းအနည်းငယ်မျှသာထိုးဖောက်၀င်လာသော အလင်းရောင်က အချစ်ဆုံးရဲ့မျက်နှာပေါ်ဖြန့်ကျက်နေ၏။ နဖူးပေါ်ခိုကပ်နေသည့်ချွေးစတို့က ဆန္ဒပြင်းစွာလှုပ်ရှားနေသောအမျိုးသား၌၀င့်၀င့်ကြွားကြွား။ ဒုတိယအကြိမ်နှီးနှောမှု၌ ပိုမိုအသားကျလာတဲ့အထိအတွေ့က သာယာမှုအထွဋ်အထိပ်သို့ပေးစွမ်းနိုင်၏။အောက်နှုတ်ခမ်းကိုကိုက်ကာ ထိုကျောပြင်ကျယ်အားထွေးပွေ့မိတော့ နွေးထွေးမှုနှင့်အတူပြီးမြောက်ခြင်းတို့က နှစ်ကိုယ်ကြားရောယှက်သွားသည်။ငါက အချစ်ကလေးကိုအဲ့သည်လောက်တောင်ချစ်ပါရဲ့~~~~

Twenty Six RevengeWhere stories live. Discover now