02

12K 739 102
                                    

" မနေ့က ဆေးစစ်ချက်အဖြေလေးသိရပြီလားကိုကောင်းခန့် "

" သိရပြီညီလေး ဒါနဲ့မင်းကိုအရင်ကမတွေ့ဖူးပါဘူး လူသစ်လား "

" ဟုတ်ကဲ့ ကျွန်တော်နယ်ကနေတာ၀န်ကျလို့ဒီမြို့ကိုရောက်လာတာပါ "

ရှိုင်းသေချာရှင်းပြရင်း ကိုကောင်းခန့်လက်ထဲမှစာရွက်အားလှမ်းယူလိုက်သည်။

" ကျည်ဆံကနောက်စေ့က၀င်သွားတာမလား အစ်ကို "

" မဟုတ်ဘူးငါ့ညီရဲ့ အရှေ့ကနေပစ်၀င်လာတဲ့ကျည်ဆံကဒီလူ့ခေါင်းထဲ၀င်သွားတာ မယုံကြည့်ဒီမှာကြည့် အရှေ့က၀င်လာတဲ့အရှိန်ကြောင့်နှာနုရိုးနားမှာအက်ကွဲရာတစ်ခုရှိတယ် နောက်ပြီးဒီလူ့ခေါင်းထဲကကျည်ဆံကို အတည့်စိုက်၀င်လာတဲ့အနေအထားနဲ့ဦးခေါင်းနောက်မှာတွေ့ရတယ် "

" ကျည်ဆံကဒီထဲမှာစိုက်၀င်နေတာလားအစ်ကို "

" အင်းဟုတ်တယ် ဒီစာရွက်ကိုမင်းရဲ့ဆရာ ကိုဟိန်းကိုပေးလိုက်နော် "

သူ့အားသေချာရှင်းမပြပဲထွက်သွားတဲ့ကောင်းခန့်ကြောင့် ရှိုင်းပို၍အတွေးများရတော့သည်။ယမန်နေ့ညက ရှိုင်းတွေ့ခဲ့သည့်အနေအထားမှာ ကိုကောင်းခန့်ရှင်းပြခဲ့သည့်ပုံစံမျိုးမဟုတ်။ ကျည်ဆံကလည်းဦးခေါင်းနောက်မှာစိုက်၀င်မနေ။ ဒါမှမဟုတ်သူကိုယ်တိုင်ကပဲ အမြင်များခဲ့တာလား။ ရှိုင်းခေါင်းကိုခါကာ စိတ်ရှုပ်စွာဖြင့်ဆေးရုံပြင်သို့ထွက်လာလိုက်၏။

" ခင်ဗျားက ဆန်းရှိုင်းစည်သူလား "

သူ့ကားအရှေ့ပိတ်ရပ်ကာ လက်ပိုက်မေးလာသူကြောင့် ရှိုင်းထိုလူအားသေချာအကဲခတ်လိုက်သည်။

" ဟုတ်ပါတယ် ကျွန်တော်က အာ့... "

စကားမဆုံးခင်မှာပဲ နောက်စေ့သို့အားပြင်းပြင်းရိုက်၀င်လာတဲ့အရာ၀တ္ထုကြောင့် ရှိုင်းလဲကျသွားတော့သည်။ သတိရတစ်ချက် မရတစ်ချက်ဖြစ်နေသည့်အနေအထားမှ ရှိုင်းခံစားလိုက်ရသည်က သူ့အားကားတစ်စီးအတွင်းထဲသို့ ခေါ်ဆောင်သွားကြခြင်းပဲဖြစ်သည်။

××××××××

" ဒယ်ဒီ မနက်ဖြန်အာလူးနဲ့ပူဂျွန်ထည့်ပေး "

Twenty Six RevengeWhere stories live. Discover now