14

7.3K 553 204
                                    

" မောင်ရှိန်၀ါရေ "

" ခင်ဗျာ "

" အန်တီတို့အိမ်မယ်တော့ဘာမှထွေထွေထူးထူးမရှိဘူးကွယ် ညနေမှစျေးသွားမှာမို့ အခုတော့ရှိတာလေးနဲ့စားလိုက်နော် "

ဒေါ်စန်းဌေးက ထမင်း၀ိုင်းပြင်ရင်း ခွန်းသန့်ရှိန်၀ါအားလှမ်းပြောသည်။ ရောက်သည့်အချိန်တည်းက ဧည့်ခန်းထဲမှ ၀ါးထိုင်ခုံပေါ်ထိုင်နေရတာ ပျင်းလာပြီဖြစ်သည်။ ရှိုင်းအားလိုက်ရှာမိသော်လည်း သူ့အားထားကာဘယ်ထွက်သွားမှန်းမသိ။

" မင်းထမင်းစားပြီးပြီလား "

အိမ်ထဲခပ်သွက်သွက်လျှောက်လှမ်းလာသော ရှိုင်းကခွန်းသန့်အားလှမ်းမေးသည်။ လက်ထဲတွင်လည်း ဟင်းထုတ်များကိုဆွဲကိုင်လာ၏။

" ဘာတွေ၀ယ်လာတာလဲရှိုင်းဌေးရယ် "

" အိမ်မှာထွေထွေထူးထူးမရှိတာနဲ့ လမ်းထိပ်မှာခွန်းသန့်အတွက်ဟင်းသွား၀ယ်ပေးတာအမေ "

ရှိုင်းကဒေါ်စန်းဌေးမေးသမျှကိုပြန်ဖြေရင်း ပန်းကန်လုံးထဲဟင်းလှယ်ထည့်သည်။ မနက်ကအထိမှိုင်တွေနေတဲ့သားက ခွန်းသန့်ရှိန်၀ါရောက်သည်နှင့်သွက်လက်နေတာမို့ ဒေါ်စန်းဌေးကတော့ ပြောမနိုင်တော့ပေ။

" ကဲ ထမင်းစားရအောင်မောင်ရှိန်၀ါရယ် မင်းသူငယ်ချင်းကမင်းအတွက်ဟင်းတွေ၀ယ်လာချည်ရဲ့ "

ဒေါ်စန်းဌေးက ခွန်းသန့်အားထမင်း၀ိုင်းသို့လှမ်းခေါ်ကာ သူကိုယ်တိုင်ပင်ထိုထမင်း၀ိုင်းသို့၀င်ထိုင်သည်။

" ဒါကကြက်သားနဲ့အာလူးဆီပြန်ဟင်း ဒါက၀က်သားကိုပုန်းရည်ကြီးနဲ့ချက်ထားတာလေ ဟင်းဆိုင်က၀ယ်လာတာဆိုတော့မင်းအကြိုက်တွေ့ပါ့မလားမသိဘူး "

ဆန်းရှိုင်းက ဟင်းတွေအားခွန်းသန့်ပန်းကန်ထဲအတင်းပုံထည့်ပေးနေတာမို့ ဒေါ်စန်းဌေးကရှိုင်းရဲ့ပုံစံအားအံ့သြနေတော့သည်။

" မင်းတို့နှစ်ယောက်သိတာကြာပြီလားမောင်ရှိန်၀ါ ဘာလို့ဆိုအန်တီ့သားကအပေါင်းအသင်းနည်းတယ် သူ့ကြည့်ရတာမင်းကိုအတော်လေးခင်ပုံပဲ "

" ဟုတ်ကဲ့ သိတာတော့မကြာသေးပါဘူး "

" မောင်ရှိန်၀ါကအသက်ဘယ်နှနှစ်လဲ "

Twenty Six RevengeWhere stories live. Discover now