26

6.9K 507 56
                                    

" ဒီနှစ်မှာ အဖူးအပွင့်တွေ၀ေဆာအောင်ပွင့်ပေးမယ့်နွေဦးပန်းတွေက ခင်ဗျားရဲ့စိတ်ကိုပျော်ရွှင်စေတယ်ဆိုရင် ကျွန်တော်ကကောခင်ဗျားအတွက် ဘယ်အတိုင်းအတာထိပျော်ရွှင်အောင်လုပ်ပေးနိုင်လောက်မလဲ "

ခွန်းသန့်က ရှိုင်းပခုံးအပေါ်မှဆိုဖာပေါ်တွင်လက်နှစ်ဖက်ထောက်ရင်း ရှိုင်းကိုအပေါ်မှအုပ်မိုးကာမေး၏။ အရှိန်နဲ့ခုတ်မောင်းနေတဲ့ရထားဘီးသံလိုပဲ အချစ်ကလေးကြောင့်ဖြစ်ပေါ်လာတဲ့ရင်ခုန်သံတွေက ထိန်းချုပ်ရခက်လွန်းတယ်။

" ငါ့ကိုနမ်းပါ "

တောင်းဆိုသလိုမျိုး အသံကိုမ၀ံ့မရဲပြောလိုက်တော့ ထိုအမျိုးသားကသူ့နှုတ်ခမ်းထက်နယ်ချဲ့လာသည်။ နူးညံ့စွာကျူးကျော်လာတဲ့အထိအတွေ့က သူ့လည်ပင်းနဲ့ရင်ဘတ်တစ်လျှောက်လုံးနေရာမပြတ်စေရဘူး။ အချစ်ကလေးက ဆိုးသွမ်းလိုက်တာ~~~

" ဆန်းရှိုင်းရဲ့အချစ်ကလေးဖြစ်ချင်တယ် ကျိကျိ "

အထူအပါးနားမလည်တဲ့ဂျက်ဂျက်ရဲ့အော်သံက အခန်းတစ်ခုလုံးပျံ့နှံ့သွားရ၏။ ရှိုင်းကမျက်လုံးလေးပြူးကာ ရှက်ကိုးရှက်ကမ်းဖြစ်သွားတော့ ခွန်းသန့်ကအောက်နှုတ်ခမ်းကိုက်ကာကြိတ်ရယ်သည်။

" ဒီတညတာကုန်ဆုံးပြီးတဲ့အခါ ဂျက်ဂျက်ကိုစကားအသစ်တွေပြန်သင်ပေးရမယ် "

ခွန်းသန့်ကရှိုင်းရဲ့နားရွက်တစ်ဖက်ကို ခပ်ဖွဖွကိုက်ကာကျီစားရင်း သူ့အင်္ကျီကြယ်သီးတွေကို လက်တစ်ဖက်တည်းနှင့်ဆွဲဖြုတ်၏။ ရှိုင်းကတော့ ခွန်းသန့်ရဲ့လစ်ဟသွားတဲ့ရင်ဘတ်နဲ့၀မ်းဗိုက်မှအဖုအထစ်တွေအား မသိမသာခိုးကြည့်ကာပြုံးမိလိုက်သည်။ Instagramတွင်အမြဲလိုလိုငေးကြည့်ခဲ့ရသည့် အစိတ်အပိုင်းတွေကသူ့အရှေ့တွင် ဦးတည်ကာ၀ပ်တွားလာပြီဖြစ်သည်။

" ရပ်တန့်စေဖို့ဆန္ဒရှိတယ်ဆိုရင် ဒီနေရာမှာပဲရပ်တန့်လိုက်မှာ။မဟုတ်ရင်တော့ ခင်ဗျားငိုရလိမ့်မယ် "

ခွန်းသန့်က စိန်ခေါ်သလိုပုံစံမျိုးဖြင့် ရှိင်းရဲ့နဖူးကိုငုံ့နမ်းကာ အဖြေကိုနားစွင့်နေ၏။ ရှိုင်းက စိတ်မရှည်သည့်ပုံစံဖြင့်သူ့ရင်ဘတ်ကိုပုတ်ထုတ်လိုက်တော့ ခွန်းသန့်ကကျောလေးတွန့်သည်အထိကြိတ်ရယ်သည်။

Twenty Six RevengeWhere stories live. Discover now