24

7.3K 556 53
                                    

" ၀င်လာခဲ့လို့ရပါပြီ "

၀တ်စုံပြည့်သက်တော်စောင့်တစ်ယောက်က မင်းခန့်အားအချက်ပြကာအရှေ့မှဦးဆောင်ထွက်လာတာမို့ မင်းခန့်လည်းခပ်တည်တည်ဖြင့်သာလိုက်လာလိုက်၏။ မြို့တော်၀န်ခိုင်းသမျှတာ၀န်တွေအား မပျက်မကွက်ဆောင်ရွက်ပေးခဲ့သော်လည်း ထိုလူနှင့်တစ်ခါမျှလူချင်းတောင်မတွေ့ဖူးပေ။ ယခုအချိန် က မင်းခန့်အတွက်ပထဦးဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်၏။ ဘာရည်ရွယ်ချက်ကြောင့် မြို့တော်၀န်ကသူ့အားခေါ်တွေ့သလဲမသိပေမယ့် မင်းခန့်ကလည်းခပ်ညံ့ညံ့မဟုတ်ပေ။ သူ့လုပ်ဆောင်ချက်တွေကို မြို့တော်၀န်ကသဘောကျသွားတာမို့ လူတွေ့အကဲခတ်ခြင်းသာဖြစ်လိမ့်မည်ဟု မင်းခန့်တွေးထင်ထားတာဖြစ်သည်။

" ထိုင်ပါဦး "

ချိန်းဆိုထားသည့် VIPအခန်းအတွင်းမြို့တော်၀န်နှင့်မင်းခန့်တို့နှစ်ယောက်သာလျှင်ရှိ၏။ တီဗွီနှင့်သတင်းစာထဲတွင်မြင်ရသောမျက်နှာထက် မြို့တော်၀န်ကအပြင်တွင်ပို၍ကြည့်ကောင်းသည်။ကောက်ကျစ်သောစိတ်နေစိတ်ထားက မျက်နှာသွင်ပြင်နှင့်လုံး၀မလိုက်ဖက်။ ချန်းမင်းထိုက်နည်းတူ မျက်နှာသွင်ပြင်ကကြည်လင်နေပြီး တစ်ခါတွေ့ရုံနှင့်အမြဲအမှတ်ရစေနိုင်သောမျက်နှာပေါက်မျိုးဖြစ်၏။

" သောက်တတ်တယ်မလား တစ်ခွက်လောက်လက်ခံပါဦး "

မြို့တော်၀န်ကအရက်ငှဲ့ပေးလာတာမို့ မင်းခန့်ကခေါင်းငုံ့ကာလက်တစ်ဖက်ကိုရိုရိုသေသေရှေ့ထုတ်ပေး၏။ မြို့တော်၀န်ရဲ့အသံက တည်ငြိမ်ပြီးနားထောင်ကောင်း၏။ စကားအပြောအဆိုက အထက်တန်းကျပြီးပညာတတ်တစ်ယောက်မှန်းသိသာသည်။ အကြောင်းမသိသေးသောသူတစ်ယောက်အတွက် မြို့တော်၀န်ကကောက်ကျစ်ပါသည်ဟု ဖွင့်ဟပြောဆိုရင်တောင်ယုံလိမ့်မည်မဟုတ်ပေ။

" မင်းက ငါပေးသမျှတာ၀န်တွေကိုအကောင်းဆုံးဖြေရှင်းခဲ့တယ်လို့သတင်းတွေရပါတယ် အဲ့ဒီအတွက်မောင်ရင့်ကိုဘယ်အတိုင်းအတာထိယုံကြည်လို့ရမလဲ "

မြို့တော်၀န်က စားစရာတွေကိုမင်းခန့်ဘက်ကမ်းပေးရင်း
ခပ်အေးအေးသာပြောလာတာမို့ မင်းခန့်ကလည်းတူတစ်ချောင်းကိုင်ကာ ထိုစားစရာတွေကိုထိုးဆွ၏။

Twenty Six Revengeحيث تعيش القصص. اكتشف الآن