18

7.1K 566 149
                                    

" တို့အစ်ကိုလေးက ကြည့်ကောင်းလိုက်တာ "

အပြင်ထွက်ဖို့အဆင်သင့်ပြင်ဆင်ထားတဲ့ ချန်းမင်းထိုက်အား အိမ်တော်မှမိန်းကလေးတွေက၀ိုင်း၀န်းကာ ချီးကျူးနေကြခြင်းဖြစ်သည်။ ချန်းက ဗုဒ္ဓဟူးနေ့တိုင်းဆေးခန်းပိတ်တာမို့ ဒီအပတ်ပိတ်ရက်မှာ စိုင်မွန်နဲ့ချိန်းဆိုထားတာဖြစ်၏။ နားကောက်သော စိုင်မွန်အားချိန်းဆိုရတာ ချန်းအတွက်မလွယ်ကူပေ။ ဒီတစ်ခါဆုံရင်တော့ သူ့ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းထုတ်ဖော်တော့မှာဖြစ်သည်။
သို့ပေမယ့်စိတ်ထဲတွင်တော့ စိုးရိမ်စိတ်တစ်ခုအား ရေရွတ်လိုက်မိ၏။

" ဟိုခွေးသားလေး မပါလာပါစေနဲ့ "

×××××××××××

ချိန်းဆိုထားသောစားသောက်ဆိုင်၌ ချန်းကအရင်ရောက်အောင်လာကာအဆင်သင့်စောင့်နေသည်။ စိုင်မွန်အားဖွင့်ပြောဖို့ အဆင်သင့်မဖြစ်သေးသော်လည်း ခံစားချက်အချို့တော့ထုတ်ဖော်ပြချင်မိသည်။သို့ပေမယ့် စိုင်မွန်ရဲ့ခံစားချက်ကခွန်းအပေါ်တွင်သာ ဦးတည််လျှက်ရှိ၏။ တဖက်သတ်အချစ်က ချန်းအတွက်အထီးကျန်ကာ နာကျင်ရသည်။

" အစ်ကို "

ရင်းနှီးနေသောအသံကြောင့် ချန်းက၀မ်းသာအားရလှည့်ကြည့်၏။သို့ပေမယ့် ထိုအပြုံးကကြာကြာမခံပေ။ စိုင်မွန်ဘေးမှ ငရှုပ်ကောင်ကြောင့် ချန်းစိတ်ပျက်သွားရသည်။ ထိုကောင်တမင်သပ်သပ် လိုက်ရှုပ်နေမှန်း ချန်းသိ၏။ ချန်းကမျက်နှာပျက်နေတာမို့ ခွန်းသန့်ရှိန်၀ါက ပြုံးစိစိနှင့်လှောင်ပြောင်ပြသည်။

" ရှိန်၀ါ "

" ဘာလဲ "

" မင်းငါနဲ့ခဏစကားပြောရအောင် "

ချန်းမင်းထိုက်က ခွန်းသန့်အားအခြားစားပွဲ၀ိုင်းသို့ဆွဲခေါ်ကာ ခပ်တည်တည်စိုက်ကြည့်၏။ အရိပ်အကဲနားမလည်တဲ့ကောင်အား ချန်းတကယ်စိတ်ပျက်မိပါသည်။

" မင်းဘာရည်ရွယ်ချက်နဲ့လိုက်လာတာလဲ စိုင်မွန်နဲ့တစ်ခါတွေ့ရဖို့အရေး ငါဘယ်လောက်ထိချိန်းဆိုထားရလဲဆိုတာမင်းသိလား "

" ဘာရည်ရွယ်ချက်မှမရှိဘူး ဒီအတိုင်းငါကပျင်းလို့လိုက်လာတာ "

Twenty Six RevengeWhere stories live. Discover now