44

5.2K 426 41
                                    

" ဒါခင်ဗျားတောင်းထားတဲ့ စာရင်းဇယားတွေ "

စိုင်မွန်က ချန်းမင်းထိုက်ထံမှသူယူဆောင်လာသည့် စာရွက်စာတမ်းတွေကို ရှိုင်းရဲ့လက်ထဲသို့ထည့်ပေးလိုက်သည်။ရှိုင်းကလည်း ထိုစာရွက်တွေကို ဖိုင်တွဲတစ်ခုထဲသို့ထိုးထည့်ရင်း စိုင်မွန်အားပြုံးပြလိုက်၏။

" အစ်ကို အဲ့စာရွက်တွေကျွန်တော့်ကိုအရင်ပြကြည့် "

မင်းခန့်က ရှိုင်းသိမ်းဆည်းထားသည့်စာရွက်တွေကိုတောင်းကြည့်နေတာမို့ ရှိုင်းကလည်းထိုစာရွက်တွေကိုမင်းခန့်လက်ထဲသို့ထည့်ပေးလိုက်သည်။စိုင်မွန်ကတော့ ဘေးနားကတွင်သာအခြေအနေတွေကိုစောင့်ကြည့်နေ၏။

" ထင်တဲ့အတိုင်းပဲ "

မင်းခန့်က သူ့နှုတ်ခမ်းတွေကိုခပ်ရွဲ့ရွဲ့ပြုံးရင်း ထိုစာရွက်တွေအားစားပွဲပေါ်ပစ်တင်လိုက်သည်။စိုင်မွန်နှင့်ရှိုင်းကတော့ နားမလည်စွာဖြင့်မင်းခန့်အားစူးစိုက်ကြည့်လိုက်၏။

" ဘာဖြစ်လို့လဲမင်းခန့် "

" အဲ့တာတွေအကုန်လုံးစာရင်းအတုတွေချည်းပဲ "

" ဟင် "

ရှိုင်းက အံ့သြသွားသည့်ပုံစံဖြင့်ထိုစာရွက်တွေအားသေချာငုံ့ကြည့်ကာ သက်ပြင်းချလိုက်သည်။

" ကျွန်တော်က အဲ့လူနားမှာအချိန်အတော်ကြာအောင်ရှိခဲ့အတွက် သူ၀ှက်ထားတဲ့စာရင်းဇယားတွေကိုသိတယ် ဒါပေမယ့်အခုအစ်ကို့လက်ထဲကစာရင်းတွေက အကုန်လုံးအတုတွေချည်းပဲ "

" ဒါဆိုချန်းမင်းထိုက်က သူ့အဖေကိုကာကွယ်ချင်လို့များ တမင်သပ်သပ်ယူလာခဲ့တာလား "

ရှိုင်းက သူစိတ်ထင်သည့်အတိုင်းပြောလိုက်တော့ စိုင်မွန်ကခေါင်းကိုခပ်မြန်မြန်ရမ်းကာ မဟုတ်ကြောင်းငြင်းဆန်လိုက်သည်။

" ချန်းမင်းထိုက်က အဲ့လိုလူစားမျိုးမဟုတ်ဘူး ဒါသူတကယ်မသိလို့ယူလာခဲ့တာပဲနေမှာ "

စိုင်မွန်က ကြားထဲကနေကာကွယ်ပြောနေတာမို့ မင်းခန့်ကစိုင်မွန်နှင့်ချန်းမင်းထိုက်ကြားကဆက်ဆံရေးကိုအထာနပ်နေသည့်ပုံစံဖြင့် ခပ်ရွဲ့ရွဲ့ပြုံးလိုက်သည်။

Twenty Six RevengeΌπου ζουν οι ιστορίες. Ανακάλυψε τώρα