23

7.1K 570 113
                                    

" Morningအချစ်ကလေး ငါအလုပ်ထဲရောက်ပြီ "

အိပ်ယာနိုးသည်နှင့် ရှိုင်းထံမှ၀င်ရောက်လာသောmessageကြောင့် ခွန်းသန့်အောက်နှုတ်ခမ်းကိုက်ကာ ပြုံးလိုက်မိ၏။ သူအိပ်ပျော်နေတုန်းရှိုင်းကစာပို့ထားတာမို့ အချိန်အားဖြင့် တစ်နာရီခန့်နောက်ကျပြီးမှတွေ့တာဖြစ်သည်။

" သားကိုကျောင်းသွားပို့ပြီးရင် ခင်ဗျားအလုပ်ရှေ့မှာစောင့်နေမယ် ဆန်းရှိုင်းလေးကိုချစ်တယ် "

ရှိုင်းထံသို့messageပို့ပြီးသည်နှင့် လက်ထဲမှဖုန်းအားတင်းတင်းဆုပ်ကာအိပ်ယာပေါ်လူးလှိမ့်လိုက်၏။ အပြန်အလှန်စာပို့ရုံနဲ့တင် သူ့ရင်ထဲကြည်နူးမိတာဖြစ်သည်။

" ဂရုစိုက်သွားနော် မင်းကကားမောင်းနည်းနည်းကြမ်းတော့စိတ်ပူတယ် "

ရှိုင်းထံမှပြန်စာကြောင့် သူ့မျက်ခုံးတွေကိုကွေးကြုတ်လိုက်၏။ ကားမောင်းကြမ်းသည်ဆိုသောမှတ်ချက်ကြောင့် သိပ်ဘ၀င်မကျချင်ပေ။ အိပ်ယာထကာစမို့ ရှုပ်ပွနေသည့်သူ့ဆံပင်တွေကိုလည်းထိုးဖွကာ အသက်ပြင်းပြင်းရှုထုတ်လိုက်၏။ သို့ပေမယ့်ရှိုင်းထံသို့ စိတ်မရှည်စွာဖြင့်ပြန်စာတော့ပို့လိုက်သေးသည်။

" ဟုတ်ကဲ့ပါဗျ "

×××××××

" စိုင်မွန်အိပ်ယာထပြီလား မင်းခန့် "

ခွန်းသန့်ကနေနေးအားကျောင်းပို့ဖို့ပြင်ရင်း မေးလိုက်တာဖြစ်၏။ မင်းခန့်ကတော့ ဧည့်ခန်းတစ်၀ိုက်မျက်လုံး၀ေ့ကာကြည့်ရင်း ခေါင်းခါလိုက်၏။

" စိုင်းကကျွန်တော်လာတဲ့အချိန်တည်းက အပြင်ထွက်သွားတာ "

မင်းခန့်စကားကြောင့် ခွန်းသန့်ကမျက်လွှာချကာ အနေခက်သွားပုံရ၏။ ရှိုင်းနဲ့ဆက်ဆံရေးအား စိုင်မွန်ထံဖွင့်ပြောပြီးသည့်အချိန်မှစ၍ စိုင်မွန်ကခွန်းသန့်အား တိမ်းရှောင်နေတာဖြစ်သည်။ စိတ်နာကျင်အောင်မရည်ရွယ်ခဲ့သော်လည်း စိုင်မွန်မျက်၀န်းထဲမှစိတ်ပျက်၀မ်းနည်းသွားသည့်ပုံရိပ်တို့က ခွန်းသန့်အားအနေကျပ်စေသည်။

" စိုင်းပြန်လာရင် ငါ့ဆီခဏလာတွေ့ခိုင်းလိုက် "

" ဟုတ်ကဲ့ "

Twenty Six RevengeDove le storie prendono vita. Scoprilo ora