07

7.9K 571 92
                                    

" ဦးမြင့်နိုင်က Bossနဲ့တွေ့ချင်တယ်ဆိုပြီးသောင်းကျန်းနေပါတယ် "

" ဆန္ဒတွေဖြည့်ပေးရတာပေါ့ "

ခွန်းသန့်ကစကားလည်းပြောရင်း Sobranie Cigaretteတစ်လိပ်ထုတ်ကာ သူ့နှုတ်ခမ်းနားတေ့လိုက်သည်။ စက္ကန့်ပိုင်းတောင်မခြားပဲ အလိုအလျောက်မီးလာညှိပေးတဲ့ စိုင်မွန်ရဲ့လက်တွေက အမိန့်ပေးစရာတောင်မလို။
.
.
.
.
" ခွန်းသန့်ရှိန်၀ါ!!!! "

မြေအောက်ထပ်ရောက်သည်နှင့် သူ့အားဒေါသအလျှောက်အော်နေတဲ့ ဦးမြင့်နိုင်ရဲ့အသံက ပဲ့တင်သံပင်ထပ်လျှက်။ ခွန်းကတော့နားငြီးသွားတဲ့ပုံစံဖြင့် နံရံကိုကျောမှီရင်းလက်ပိုက်ကာ ပေစောင်းစောင်းမေ့ငေါ့ပြလိုက်သည်။ မိုက်ကယ်ကတော့ ဦးမြင့်နိုင်ရဲ့ဘေးတွင်ခပ်ခွေခွေလေးလှဲနေ၏။ နာကျင်မှုဒဏ်ကြောင့် ငြိမ်သက်နေတာလည်းပါသည်။

" မင်းဒါဘာလုပ်တာလဲ ငါ့ကိုဒီထဲကအခုထုတ်ပေးစမ်း "

" အခုချိန်ထိအမိန့်ပေးရတာကို ၀ါသနာပါနေတဲ့ပုံပဲ တစ်ချိန်ကခင်ဗျားအမိန့်ပေးသမျှနာခံခဲ့ရတဲ့ကောင်က အခုခင်ဗျားကိုအမိန့်ပြန်ပေးတော့မှာဆိုတော့ ဘယ်လိုခံစားနေရလဲ "

" ခွေးလိုကောင် "

" ဒါပေါ့ ခွေးလိုကောင်ရဲ့မျက်နှာကို အခုမော်ကြည့်နေရပြီလေ "

" တောက်!! "

" ခင်ဗျားမိန်းမကလေ ခင်ဗျားကိုအရမ်းစိတ်ပူနေတဲ့ပုံစံနဲ့ကျုပ်ရှေ့မှာတော့ငိုပြသွားသေးတယ်သိလား ဒါပေမယ့်ခင်ဗျားပျောက်သွားတဲ့နေ့ကစပြီး သူ့လင်ငယ်ကညတိုင်းအိမ်လာအိပ်နေတာတော့ဖုံးကွယ်ထားတဲ့ပုံပဲ "

" အယုတ်တမာကောင် "

" စကားပြောခွင့်ပေးထားတယ်ဆိုပြီး သိပ်ကိုဘောင်ကျော်ချင်နေတဲ့ပုံပဲ
"

ခွန်းသန့်ကလက်ဖြောက်တစ်ချက်တီးကာ အချက်ပြလိုက်သည်နှင့် မင်းခန့်ကဦးမြင့်နိုင်အားဆွဲထုတ်ကာ ခွန်းသန့်ရှေ့မှရေတိုင်ကီထဲ ခေါင်းကိုနှစ်ထားသည်။

ဖူး ဖူး!!

ဦးမြင့်နိုင်ရေမွန်းကာ ခေါင်းပြန်ထောင်လာတဲ့ပုံစံကို ခွန့်သန့်ကအရသာခံကာကြည့်ရင်း သဘောကျနေသည်။ ဦးမြင့်နိုင်က သူ့ပါးစပ်ထဲငုံထားသည့်ရေတွေကို ခွန်းသန့်မျက်နှာပေါ်လှမ်းထွေးပစ်၏။ သို့သော်လည်းခွန်းသန့်ရှိန်၀ါက သွေးအေးစွာခပ်ရွဲ့ရွဲ့ပြုံးပြရင်း အရွဲ့တိုက်ကာထိုတိုင်ကီထဲကရေတွေနှင့်သူ့မျက်နှာကိုတောင်သစ်ပြလိုက်သေးသည်။

Twenty Six RevengeKde žijí příběhy. Začni objevovat