22

7.7K 561 95
                                    

" ဒီကိုလာပါအုံးဆန်းရှိုင်းရဲ့ ခင်ဗျားဘာလို့အဲ့ဒီနံရံထောင့်ကိုပဲကပ်နေရတာလဲ "

ရှိုင်းက သူ့အားကျောပေးကာနံရံဘက်မျက်နှာမူထားတာမို့ ခွန်းသန့်ကတမင်လိုက်စနေခြင်းဖြစ်သည်။

" မင်းဘယ်တုန်းတည်းကသိနေတာလဲ "

ရှိုင်းကမျက်နှာပူစွာလှမ်းမေးတော့ ခွန်းသန့်ကရှိုင်းရဲ့မျက်တောင်တွေအားလေမှုတ်ထုတ်ကာ ပြုံးပြ၏။

" ငါမေးနေတယ်လေ "

" ဖြေမှမဖြေချင်တာ "

" ခွန်းသန့်ရှိန်၀ါ! "

" ဘာကိုခွန်းသန့်ရှိန်၀ါလဲ အချစ်ကလေးဆို? "

" မင်းမရစ်နဲ့ ငါမေးတာအရင်ဖြေ "

ရှိုင်းကခွန်းသန့်ရင်ဘတ်အားခပ်ဖွဖွတွန်းထုတ်ကာ စိုက်ကြည့်လိုက်တော့ခွန်းသန့်ကလက်ပြန်ပိုက်ရင်း ရှိုင်းအားပေကပ်ကပ်ပြန်ကြည့်လာ၏။

" ခွန်းသန့်ရှိန်၀ါ "

" ဘာလဲကွာ "

" အဲ့ပေကပ်ကပ်အကျင့်တွေငါလုံး၀မကြိုက်တာနော် မေးရင်ဖြေလေ "

" ဘယ်တုန်းတည်းကလဲဆိုတော့ခင်ဗျားကျုပ်ကိုထန်းရည်တိုက်တဲ့နေ့တည်းကသိတာ...ဘာလို့မသိချင်ယောင်ဆောင်နေလဲဆိုတော့ ခင်ဗျားရှက်သွားမှာစိုးလို့ "

" အဲ့တာနဲ့ပဲမသိချင်ယောင်ဆောင်နေတယ်ပေါ့ ငါ့ကိုကွယ်ရာမှာလှောင်ပြောင်နေမှာပဲ ငါကလည်းတုံးလိုက်တာ "

ရှိုင်းကသူ့ခေါင်းအား တဘုတ်ဘုတ်ပြန်ရိုက်ကာခေါင်းငုံ့ထား၏။ စိတ်လှုပ်ရှားသည့်အချိန်တိုင်း အသက်ရှုအောင့်ထားတတ်သည့်အကျင့်နှင့်ခေါင်းပြန်ရိုက်သည့်အကျင့်က ရှိုင်းအတွက်အကျင့်ဆိုးတစ်ခုပင်။

" ကျစ်!! အဲ့ခေါင်းကကြာရင်ငါးဖယ်ဖြစ်တော့မယ် ဘယ်သူကလှောင်ပြောင်နေလို့လဲ "

ခွန်းသန့်ကရှိုင်းရဲ့လက်အားဆုပ်ကိုင်ကာ သူ့ဘောင်းဘီအိတ်ကပ်ထဲထည့်ထားပေး၏။ ရှိုင်းရဲ့ခေါင်းကိုလည်းသူ့လက်တစ်ဖက်ဖြင့်ပွတ်ပေးရင်း ရင်ခွင်ထဲထည့်ထားပေးသည်။

" နောက်တစ်ခါကိုယ့်ခေါင်းကိုယ်ပြန်ရိုက်မယ်လို့တွေးမိရင် ကျုပ်ကိုလာရိုက် အနည်းဆုံးတော့ကျုပ်ကခေါင်းမာတယ်လေ "

Twenty Six RevengeWhere stories live. Discover now