38

4.9K 387 44
                                    

" လွမ်းတယ် "

ဘယ်နှစ်ကြိမ်မြောက်ပို့မိမှန်းမသိတဲ့ စာစောင်တွေက ပြန်စာမရှိပဲသူ့အားလျစ်လျူရှုထားဆဲ။အမြင်ချင်ဆုံးမျက်နှာနဲ့ အကြားချင်ဆုံးအသံလေးတွေကို မတွေ့ရမကြားရတာသုံးရက်တိုင်သွားခဲ့ပြီဖြစ်သည်။ခွန်းသန့်ရဲ့Instagramထဲ၀င်ကြည့်ပြန်တော့လည်း ဘာPostအသစ်မှတင်ထားခြင်းမရှိပေ။

ကိုယ်တိုင်က ခွန်းသန့်အပေါ်အပြစ်မကင်းတာကိုသိသော်လည်း အဖြစ်အပျက်တွေကမြန်ဆန်သွားလိမ့်မည်ဟုရှိုင်းမထင်မှတ်ခဲ့တာအမှန်။ နောက်ဆုံးအကြိမ်လောက်ဖြစ်ဖြစ် မျက်နှာလေးတွေ့ခွင့်ရရင်တောင် ထိုအမျိုးသားအပေါ်သံယောဇဥ်တွေက ပိုရစ်တွယ်ဖြစ်အုံးမှာပင်။

" ခွန်းသန့် "

လေးလံစွာလျှောက်လှမ်းခဲ့သောအိမ်ပြန်ခြေလှမ်းတွေက ကားပါကင်နားရောက်သည်နှင့် ရပ်တန့်သွားရ၏။ အကြောင်းမှာ သူ့အလာကိုမတ်တပ်ရပ်ကာစောင့်မျှော်နေသည့် ခွန်းသန့်ရှိန်၀ါကြောင့်ဖြစ်သည်။ မတွေ့ရတဲ့သုံးရက်အတွင်း ခပ်ရဲရဲနှုတ်ခမ်းသားတွေကအညိုရောင်ပြောင်းလုနီးပါး။ဆေးလိပ်တွေဘယ်လောက်များ သောက်ထားလိမ့်မလဲလို့တွေးမိလိုက်တိုင်း ၀ဲဘက်ရင်အုံကနာကျင်လာတယ်။အချစ်ကလေးက ရင်နာအောင်သိပ်လုပ်တာ!!

" မောင် "

ပျော့ညံ့တဲ့သူ,မဟုတ်ပေမယ့် ထိုအမျိုးသားနဲ့ပတ်သတ်ရင် အမြဲတမ်းခံစားလွယ်နေမိတာ။တင်းခံထားတဲ့ မျက်ရည်တစ်ချို့က ခွန်းသန့်ရှေ့သို့ရောက်သည်နှင့်ပြိုဆင်းလာရသည်။

" မင်းကိုအရမ်းလွမ်းနေခဲ့တာ "

ရှိုင်းက ခွန်းသန့်ရဲ့ပါးပြင်ကိုထိတွေ့ဖို့ကြိုးစားလိုက်သော်လည်း ခွန်းသန့်ကမျက်နှာကိုတစ်ဖက်လှည့်ထား၏။

" အခုထိစိတ်ဆိုးနေတုန်းလား "

ဘာတစ်ခုမှခွန်းတုံ့ပြန်မလာသည့် အဆိုးအပေလေးအား ရှိုင်းအသည်းယားမိ၏။ခွန်းသန့်ကသူ့ကားဘော်ဒီကိုကျောမှီကာ ရပ်နေတာမို့ ရှိုင်းကခွန်းသန့်ရဲ့လက်မောင်းအောက်လျှို၀င်ကာ မော့ကြည့်လိုက်သည်။

" ငါ့ကိုမလွမ်းဘူးလား "

" ...... "

" အဲ့နေ့ကကိစ္စအတွက်တောင်းပန်တယ်နော် ငါကအချစ်ကလေးကို၀မ်းနည်းအောင်လုပ်မိသွားတယ် "

Twenty Six RevengeWhere stories live. Discover now