03

9.5K 693 123
                                    

" ငါ့ကိုလွှတ်ပေးကြစမ်း မင်းတို့ငါ့ကိုဘယ်ခေါ်လာတာလဲ "

မျက်လုံးကိုအ၀တ်အမဲဖြင့်ချည်နှောင်ထားတာကြောင့် မိုက်ကယ်ရုန်းကန်ကာ အော်ဟစ်နေသည်။ ခွန်းကတော့ မိုက်ကယ်အရှေ့တွင်ခြေချိတ်ကာထိုင်ရင်း Sobranie Cigaretteအားခပ်အေးအေးသာ ဇိမ်ခံသောက်နေ၏။ မင်းခန့်အားတချက်မျက်စပစ်ပြလိုက်တော့ မိုက်ကယ်ကိုဖုံးကွယ်ထားသည့် ပိတ်စအမဲအားဖယ်ချလိုက်၏။

" ဟင်.... မင်းက..... "

သူ့အားတအံ့တသြကြည့်နေတဲ့ မိုက်ကယ်ကြောင့်ခွန်းသန့်ခပ်ရွဲ့ရွဲ့ပြုံးလိုက်၏။ ရွံစရာမျက်နှာအား နောက်တစ်ဖန်ပြန်တွေ့ရပြီမို့ ရင်ထဲမှဖြစ်ပေါ်လာတဲ့ဒေါသစိတ်တွေကို ဖုံးကွယ်ကာ ခွန်းမတ်တပ်ရပ်လိုက်သည်။

" မင်းကသေသွားပြီမဟုတ်ဘူးလား "

" ခင်ဗျားကိုစကားပြောခွင့်ပေးထားသလား "

" မင်းအခုငါ့ကိုဘာလုပ်တာလဲ အခုချက်ချင်းပြန်လွှတ်ပေးစမ်း "

" အရင်လိုအမိန့်ပေးချင်နေသေးတဲ့ပုံပဲ ဒါပေမယ့်ဘယ်လိုလုပ်မလဲ အခုချိန်မှာခင်ဗျားကိုကျုပ်ကအမိန့်ပြန်ပေးတော့မှာဆိုတော့လေ "

ခွန်းကစကားလည်းပြောရင်း Boxတစ်ခုထဲမှ SIG SAUER P226အမျိုးအစားရှိသည့် သေနတ်အားထုတ်ယူလိုက်၏။ အရှည်အားဖြင့် 7လက်မကျော်ရှိပြီး slideတစ်ခုချင်းစီကို အဆင့်မြင့်သံမဏိများဖြင့်ပြုလုပ်ထားတာကြောင့် အခြားအမျိုးအစားများထက် စျေးပိုမြင့်သည်။ အ၀တ်ဖြူတစ်ခုဖြင့် ထိုသေနတ်အား တယုတယသုတ်နေတဲ့ခွန်းသန့်ကြောင့် မိုက်ကယ်တံတွေးပင်မြိုချလိုက်၏။

ခွန်းကစကားလည်းပြောရင်း Boxတစ်ခုထဲမှ SIG SAUER P226အမျိုးအစားရှိသည့် သေနတ်အားထုတ်ယူလိုက်၏။ အရှည်အားဖြင့် 7လက်မကျော်ရှိပြီး slideတစ်ခုချင်းစီကို အဆင့်မြင့်သံမဏိများဖြင့်ပြုလုပ်ထားတာကြောင့် အခြားအမျိုးအစားများထက် စျေးပိုမြင့်သည်။ အ၀တ်ဖြူတစ်ခုဖြင့် ထိ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

" ခင်ဗျားအတွက်ထိုက်တန်တဲ့အပြစ်က သေခြင်းအပြင်မရှိပေမယ့် ကျုပ်မေးတဲ့မေးခွန်းကို ကောင်းစွာဖြေနိုင်လား မဖြေနိုင်လားဆိုတာမူတည်ပြီး ဘယ်လိုသက်သာစွာနဲ့ အပြစ်ပေးရမလဲဆိုတာကို ကျုပ်ကဆုံးဖြတ်ပေးမယ် '

Twenty Six RevengeWhere stories live. Discover now