39

4.9K 426 94
                                    

ဒီရက်ပိုင်းအတွင်း ရှိုင်းအိပ်မပျော်ခဲ့သော်လည်း မနေ့ညကအဆိုးဆုံးဖြစ်သည်။နံနက်ခုနှစ်နာရီထိုးသည့်တိုင် နှစ်ခြိုက်စွာအိပ်ပျော်နေသည့်အချစ်ဆုံးရဲ့မျက်နှာအား ရှိုင်းငေးမောကြည့်ကာသက်ပြင်းရှည်တစ်ချက်ခိုးချမိ၏။ခွန်းသန့်အပေါ်မည်မျှချစ်သည်ကို သူ့အနေနှင့်တိုင်းထွာမပြချင်ပေ။သေချာတာတော့ သူလုပ်သမျှအရာအားလုံးက အချစ်ကလေးအတွက်သာဖြစ်သည်။ထိုအတွက်ကြောင့် အချစ်ဆုံးကသူ့အားမုန်းတီးခဲ့ပါလျှင် ရင်နာနာနှင့်လက်ခံရဲသည်လေ။

ဖူး!

ရုတ်တရက်အလစ်ချောင်းကာ သူ့မျက်တောင်တွေအား လေပြင်းပြင်းဖြင့်မှုတ်ထုတ်လာတဲ့ခွန်းသန့်ကြောင့် ရှိုင်းကမျက်လုံးကိုစုံမှိတ်ကာ ခွန်းသန့်ရဲ့အင်္ကျီစအားတင်းတင်းဆုပ်ကိုင်မိလိုက်သည်။သူ့မျက်တောင်ရှည်တွေကို ကျီစားကာအမြဲလေမှုတ်နေတတ်သည့် အဆိုးအပေလေးအားအပြစ်မမြင်ရက်ပေ။

" ခွန်းသန့်ရှိန်၀ါ "

" ဘာလဲကွာ "

" စနောက်စရာထင်နေလား "

" ရှိုင်းဌေးကိုဆို စချင်နေတာ "

" ကလေးက လူကြီးကိုမရိုမသေနဲ့နော် "

" ဘယ်သူက ကလေးလဲ "

" မင်းလေ "

ရှိုင်းက ခွန်းသန့်ရဲ့မျက်နှာအနားလက်ညှိုးထိုးကာပြောလိုက်တော့ ခွန်းသန့်ကရှိုင်းလက်ညှိုးအားခပ်ဖွဖွဆွဲကိုက်လာသည်။

" အဲ့ကလေးက ဒေါ်စန်းဌေးသားကို နှစ်ခါအသားယူပြီးပြီ "

" မင်းကတော့လေ "

ရှိုင်းကခွန်းသန့်ပါးစပ်ကိုအတင်းပိတ်ကာ ကျောကုန်းကိုထုရိုက်လိုက်တော့ အချစ်ကလေးကသွားတန်းဖြူလေးတွေပေါ်တဲ့အထိပြုံးရယ်သည်။ထို့နောက် ရှိုင်းရဲ့ခါးကိုဆွဲဖက်ကာ သူ့ရင်ခွင်ထဲဆွဲသွင်း၏။

" မနေ့ညက အိမ်မက်ဆိုးမက်တယ် ခင်ဗျားကကျွန်တော့်နဲ့၀ေးရာကိုထွက်ပြေးသွားတာတဲ့ ရှိုင်းဌေးကဒီကောင်ကိုထားခဲ့ဖို့ကြံနေတာလားမသိဘူး "

အိပ်ချင်မူးတူးပြောလာတဲ့ခွန်းသန့်ကို ရှိုင်းကဘာတစ်ခုမှခွန်းတုံ့မပြန်ပဲ ခွန်းသန့်ရဲ့ပါးပြင်ကိုသာသူ့လက်ဖ၀ါးနဲ့ပွတ်ပေးရင်း ငေးမောကြည့်နေလိုက်၏။နာရီလက်တံတွေ လျှင်မြန်စွာရွေ့လျားနေတိုင်း ရှိုင်းစိတ်တွေလေးလံမိသည်။

Twenty Six RevengeWhere stories live. Discover now