30

7.1K 539 90
                                    

" မြို့တော်၀န်ဘက်ကကျွန်တော့်ကို ပြန်ဆက်သွယ်ရလောက်တဲ့အထိ ဘာကများအရေးကြီးကိစ္စဖြစ်လို့ပါလဲ "

" ကော်ဖီအရင်သောက်လိုက်ပါဦး "

ဦးစစ်ချန်းက အသံကိုတည်ငြိမ်စွာပြောရင်းကော်ဖီခွက်ကိုလက်ညွှန်ပြ၏။ ယခုတလောမြို့တော်၀န်ဘက်မှ သူ့အားမကြာခဏဆိုသလိုဆက်သွယ်လေ့ရှိတာကြောင့် မင်းခန့်ကဦးစစ်ချန်း၏အတွင်းလူယုံအနေအထားအထိ ရောက်ရှိနေပြီဖြစ်သည်။ အကြင်အနာတရားမရှိ အလုပ်အပေါ်ပြတ်သားစွာလုပ်တတ်တဲ့မင်းခန့်ကြောင့် ဦးစစ်ချန်းကသူ့အားအရေးကြီးကိစ္စများကိုသာ ခိုင်းလိမ့်မည်ဟုမင်းခန့်ကြိုတွေးထင်ထား၏။ အခြေအနေအရ မြို့တော်၀န်၏အတွင်းရေးကိစ္စများကို မင်းခန့်ကအတိုင်းအတာတစ်ခုအထိသိနှင့်ပြီးပြီမို့ ဦးစစ်ချန်းဘက်မှမင်းခန့်အား ဘက်ကန်၍မရပေ။

" လွန်ခဲ့တဲ့နှစ်ရက်က တွဲလို့ကူစာသင်ကျောင်းကလူဟောင်းတစ်ယောက်ငါ့ကိုဆက်သွယ်လာတယ် သူကအဲ့ဒီကျောင်းမှာသန့်ရှင်းရေးလုပ်တဲ့သူလိို့ပြောတယ် "

ဦးစစ်ချန်းက မျက်မှန်ကိုင်းကိုပင့်တင်ရင်း ဓာတ်ပုံပါအတူတွဲပါသည့်ဖိုင်တွဲတစ်ခုအားမင်းခန့်ဘက်ကို ပစ်ပေး၏။ မင်းခန့်ကလည်း ထိုဓာတ်ပုံထဲမှအမျိုးသားကိုသေချာစူးစိုက်ကြည့်ကာ နှုတ်ဆိတ်နေသည်။

" မင်းနဲ့ငါက ခရီးစဥ်တစ်ခုကိုအတူဖြတ်ကျော်နေကြတဲ့သူဆိုတော့ မဖုံးကွယ်ပဲပြောကြတာပေါ့ အဲ့ဓာတ်ပုံထဲကလူက သူ့မှာငါနဲ့ပတ်သတ်တဲ့ cctvမှတ်တမ်းရှိတယ်လို့ပြောတယ် အထူးသဖြင့်မီးလောင်တဲ့နေ့က ငါနဲ့ဦးအောင်ထိုက်နဲ့ပြောခဲ့တဲ့အသံဖိုင်တွေပါအကုန်ရှိတယ်လို့ပြောတယ် "

ဦးစစ်ချန်းက စိတ်ရှုပ်နေသည့်ပုံစံဖြင့်သူ့ရှပ်အင်္ကျီလက်ရှည်မှ ကြယ်သီးတစ်လုံးကိုဖြုတ်လိုက်၏။ မင်းခန့်ကလည်းခေါင်းငုံ့ကာ ခပ်ရေးရေးပြုံးရင်း ဦးအောင်ထိုက်ပေးတဲ့ဖိုင်တွဲအား သူ့ဂျာကင်အတွင်းအိတ်ထဲသို့ထိုးထည့်သည်။

" မြို့တော်၀န်ဘာကိုဆိုလိုချင်မှန်းကျွန်တော်သိပါတယ် ကျွန်တော်အဲ့ဒီသက်သေမှတ်တမ်းကို ရအောင်ယူခဲ့ပေးပါ့မယ် "

Twenty Six RevengeWhere stories live. Discover now