45

5.7K 419 71
                                    

လွန်ခဲ့သော6နှစ် တွဲလို့ကူမသန်စွမ်းကျောင်းမှ အမှုပိတ်သိမ်းခဲ့သောမီးလောင်မှုတွင် မြို့တော်၀န်အဓိက,ပါ၀င်ပတ်သတ်နေသည်ဟုဆို။

အင်တာနက်ပေါ်နှင့် သတင်းအချို့တွင်ခေါင်းစဥ်ကြီးပိုင်းမှပါ၀င်လာသော မြို့တော်၀န်၏သတင်းတွေကြောင့် မီဒီယာသမားအချို့နှင့်နီးစပ်ရာလူထုများက ထိုသတင်းအပေါ်သိလိုစိတ်ပြင်းပြနေကြတာဖြစ်သည်။သူကိုယ်တိုင်ခိုင်းစေခဲ့သောအသံနှင့် ဗီဒီယိုဖိုင်ကတီဗွီနှင့်အင်တာနက်ပေါ်တွင် ဖုံးဖိမရအောင်ပြန့်သွားပြီမို့ မြို့တော်၀န်ကသူ့ရုံးခန်းတွင်သာ ထိုသတင်းတွေအား အေးအေးလူလူထိုင်ကြည့်နေ၏ ။ပထမဆုံးသူ့ရဲ့မဟာအမှားက မင်းခန့်ပြောခဲ့သောလိမ်ညာစကားကိုသူကိုယ်တိုင်ယုံကြည်မိခဲ့ခြင်းဖြစ်သည်။ဗီဒီယိုဖိုင်ဟာ တကယ်မရှိပါဘူးဟုပြောဆိုလာသည့်မင်းခန့်ရဲ့စကားကြောင့် မြို့တော်၀န်ကထိုကိစ္စနှင့်ပတ်သတ်ပြီး အာရုံမထားခဲ့တော့တာဖြစ်၏။သို့ပေမယ့် သူနှင့်ပတ်သတ်သောသက်သေက ဆန်းရှိုင်းထံတွင်ရှိနေကြောင်းသတင်းရမှာသာ မင်းခန့်ကသူ့အားလိမ်ညာခဲ့မှန်းသိခဲ့ရတာဖြစ်သည်။ဆန်းရှိုင်းထံမှသက်သေကို လူလွှတ်ပြီးအစဖျောက်ခိုင်းပြန်တော့လည်း ထိုလူအားမင်းခန့်က သတ်ပစ်ခဲ့တာပင်။

" မြို့တော်၀န် "

ရုံးခန်းထဲသို့၀င်ရောက်လာသည့် ၀န်ထမ်းတစ်ယောက်ကြောင့် မြို့တော်၀န်ကတီဗွီကိုပိတ်ရင်း ထိုလူကိုလှမ်းကြည့်လိုက်သည်။

" ဘာပြောစရာရှိသလဲ "

" အခုဖြစ်နေတဲ့သတင်းတွေနဲ့ပတ်သတ်ပြီး မနက်ဖြန်မနက်မှာအစစ်ဆေးခံဖို့ လင်းဟုန်အမှုစစ်ရုံးကဆက်သွယ်လာပါတယ် "

" ကျော်၀ဏ္ဏကဘာပြောလဲ "
(ကျော်၀ဏ္ဏဆိုသည်မှာ လင်းဟုန်အမှုစစ်ရုံး၏ရာထူးအကြီးဆုံး ရဲမှူးချုပ်ဖြစ်သည်)

" ဗီဒီယိုဖိုင်ထဲမှာပါလာတဲ့ရုပ်သံက ပြန်လည်ပြုပြင်ထားတဲ့ရုပ်သံမျိုးဖြစ်တာကြောင့် မြို့တော်၀န်ရဲ့မျက်နှာက မသဲကွဲပါဘူး။ဒါကြောင့်.... "

" အဲ့ဒီရုပ်သံထဲကလူက ငါမဟုတ်ဘူးလို့ငြင်းဆန်လိုက်ရင်ရပြီမလား "

Twenty Six RevengeWhere stories live. Discover now