05

9K 611 126
                                    

အံကြိတ်ကာသည်းခံခဲ့တဲ့သုံးရက်တာက ကုန်ဆုံးသွားပြီမို့ ရှိုင်းအပြင်သို့ပြန်ထွက်ခွင့်ရခဲ့ပြီဖြစ်သည်။ သို့သော်လည်းသူ့မျက်လုံးတွေကို ပိတ်လှောင်ကာရှိုင်းအိမ်ရှေ့တည့်တည့်သို့ချပေးခဲ့တာမို့ ခွန်းသန့်ရှိန်၀ါရဲ့အိမ်တည်နေရာကို ရှိုင်းလုံး၀မသိ။ ပိိုအံ့သြရသည်က ခွန်းသန်းရဲ့လူယုံတွေက သူ့အိမ်ရှေ့တည့်တည့်သို့ အရောက်ပို့ပေးခဲ့ခြင်းကြောင့်ဖြစ်သည်။ သုံးရက်တာအတွင်းသူ့ကိုယ်ရေးကိုယ်တာနဲ့ပတ်သတ်ပြီးဘာမှမပြောခဲ့တာတောင် ခွန်းသန့်ရှိန်၀ါကဘာကြောင့်များ သူ့နေရပ်လိပ်စာအထိသိနေရပါသလဲ။

" အာ ဟုတ်သားပဲ ငါ့ဖုန်းကိုအဲ့ကောင်မွှေနှောက်နေတာဆိုတော့ အိမ်လိပ်စာအထိသိနေတာမထူးဆန်းတော့ပါဘူး "

ရှိုင်းသူ့ခေါင်းသူပြန်ရိုက်ရင်း သက်ပြင်းချလိုက်၏။ ပြီးခဲ့သမျှကိစ္စတွေကိုလည်း ပြန်မတွေးချင်တော့တာမို့ ပုံမှန်လည်ပတ်နေကျအတိုင်း ရေချိုးမျက်နှာသစ်ကာ အလုပ်သွားဖို့အတွက်ပဲပြင်ဆင်ရတော့သည်။ မနက်စာကိုတော့ အရင်ရက်တွေကအတိုင်းကြုံတဲ့နေရာ ၀ယ်စားရပေအုံးမည်။

××××××××××××××

" ကိုဟိန်း "

" ပြော "

ပုံမှန်လုပ်နေကျအတိုင်း ကော်ဖီတစ်ခွက်ဖျော်ကာ ကိုဟိန်းလက်ထဲထည့်ပေးတော့ သူ့အားမျက်ခုံးတစ်ချက်သာပင့်ပြသည်။ လက်ချောင်းတွေကတော့ ကွန်ပျူတာပေါ်ပြေးလွှားနေဆဲ။

" ဟိုလေ ဦးအောင်ထိုက်အမှုက.... "

" အဲ့ကိစ္စကိုမင်းခေါင်းထဲမထည့်နဲ့တော့ ဦးအောင်ထိုက်အမှူကိုအခြားဌာနကလက်လွှဲယူလိုက်ပြီ ကျန်တာရဲတွေဆက်လုပ်လိမ့်မယ် "

" ဟင် "

ထိုအမှုအတွက်အများကြီးမျှော်လင့်ထားကာမှ ဆုံးရှုံးမှုတွေကိုသာလက်၀ယ်ပိုက်ထားသလိုဖြစ်သွားတော့သည်။ ရှိုင်းအနေနဲ့အနိမ့်ဆုံးရာထူးပဲရှိသေးတာမို့ အထက်ကအမိန့်ကိုလည်းမလွန်ဆန်ရဲပေ။
တွေ၀ေနေတုန်း ရုတ်တရက်စဥ်းစားမိသည်က ခွန်းသန့်ရှိန်၀ါရဲ့( ထိုအမှုက နောက်သုံးရက်လွန်ရင်ကွယ်ပျောက်သွားမယ်)ဟူသောစကား။ ထိုစကားကိုအယုံအကြည်မရှိခဲ့သော်လည်း ယခုတော့ခွန်းသန့်ရဲ့စကားတွေက အမှန်ဖြစ်လာခဲ့ဖြစ်သည်။

Twenty Six RevengeWhere stories live. Discover now