Chapter 178 - ဆန်ကုန်မြေလေး 3

2.6K 545 11
                                    

Unicode

ထိုစကားကြောင့် ဟောပိုင်က မုန့်တစ်ခုကို တဂျွမ်းဂျွမ်း ဝါးစားပြလိုက်သည်။

" သူတို့မျက်လုံးထဲမှာ ကြည့်ကောင်းနေတာက ကိုယ်မဟုတ်ဘူး.. သူတို့စိတ်ဝင်စားတာ Da Ze ... သူတို့က ကိုယ်နဲ့ အတူသောက်ချင်တာမှ မဟုတ်ပဲ"
တိချိုးဟယ်က သေချာရှင်းပြ၍ ဟောပိုင်ကို မုန့်တွေ ထည့်ပေးသည်။ ထို့နောက် ပို၍ တည်ငြိမ်လေးနက်သော အသံနှင့် ပြောသည်။
" ပိုင်.. ကိုယ်နဲ့သူတို့.. ကိုယ်တို့က မတူဘူး.. ကိုယ် သရုပ်ဆောင်ဖြစ်လာရတဲ့ ရည်ရွယ်ချက်က ချင်းလီ ကိုယ့်ကို လွယ်လွယ်နဲ့ သတ်လို့မရအောင်လို့ လူသိများချင်ရုံသက်သက်နဲ့ ဒီလမ်းကို ရွေးခဲ့တာ.. သရုပ်ဆောင်ရင်းနဲ့ ကိုယ်လဲ သဘောကျလာခဲ့ပါတယ်.. အခု Da Ze ရဲ့ အထောက်အပံ့နဲ့ဆို ကိုယ် ကြိုက်တဲ့ ဇာတ်ညွှန်းရွေးလို့ရပြီ..  စျေးကွက်ထဲမှာ ကိုယ့်ကိုကိုယ် ရောင်းစားဖို့ မလိုဘူး.. ဒါပေမဲ့ သူတို့တွေက လိုတယ်.. သူတို့ဘဝတက်လမ်းအတွက် ငွေ​ရေးကြေးရေး ဂုဏ်သိက္ခာ အကုန်လိုတယ်.. အဲ့ဒါကြောင့်မို့ ကိုယ် သူတို့ကို ငြင်းလိုက်လဲ သူတို့ဘာမှ ပြန်လုပ်လို့ မရတာ"

ဟောပိုင်က အရင်ဘဝက တိချိုးဟယ်ရရှိခဲ့သည့် မြောက်မြားစွာသော ဆုများကို ပြန်တွေးရင်း အခုထိ ဆုတစ်ဆုမှ မရသေးသော တိချိုးဟယ်ကိုကြည့်ကာ မျက်မှောင်ကြုံ့လိုက်မိသည်။ တိချိုးဟယ်က အရင်ဘဝက အခက်အခဲများကြားမှ စီးပွားရေးရော သရုပ်ဆောင်ပိုင်းမှာပါ အောင်မြင်မှုရပေမဲ့ အခု သူ့အဖိုးရဲ့ ကာကွယ်မှုအောက်မှာ comfort zone ထဲက မထွက်နိုင်ပဲ ဒီလို အဆုံးသတ်သွားမှာလား...

" ခွေးပေါက်လေး"
တိချိုးဟယ်က ခုံကိုမှီရင်း ဟောပိုင်ကို စိုက်ကြည့်သည်။
" မင်း ကိုယ့်ကို စိတ်ထဲက မကောင်းပြောနေတာမလား"

ဟောပိုင်က အာလူးကြော် ဝါးနေရင်းက တိချိုးဟယ်၏ အကြည့်များကို ရှောင်နေသည်။ အင်းလေ.. ဒီဘဝမှာ သူ့အချစ်ကိုတောင် လက်ခံလိုက်ပြီပဲကို.. သူနဲ့ တိချိုးဟယ်က နှစ်ယောက်ပေါင်းမှ တစ်ယောက်ဖြစ်နေပြီ.. တိချိုးဟယ်က ဆန်ကုန်​မြေလေး အသုံးမကျတဲ့သူ ဖြစ်နေရင်တောင်မှ သူ လက်ခံမှာပေါ့.. အရင်ဘဝလိုမျိုး.... အစောကြီး မသေသွားရင် ကျေနပ်ပြီ...

OUR ( One Useless Rebirth) 2Wo Geschichten leben. Entdecke jetzt