Chapter 265 - အတိတ်ဘဝ 2

1.7K 331 17
                                    

Unicode

အန်းရှီရှီးဘေးနားတွင် ထိုင်နေသည့် ဝမ်ပေါ်ရီက လှမ်းဖက်ကာ နှစ်သိမ့်ပေးသည်။

" ပေါ်ရီ ကျွန်မ တောင်းပန်ပါတယ်.."
အန်းရှီရှီးက ဆက်ပြောနေသည်။
" ကျွန်မ ထပ်မလုပ်တော့ပါဘူး.. အခု ချင်းလီအတွက် အလုပ်လုပ်တယ်ဆိုတာကလဲ ရှင့်ကို အဲ့ပုံတွေ မမြင်စေချင်လို့ပါ.. တောင်းပန်ပါတယ်.. ကျွန်မကို ယုံပါ"

ဝမ်ပေါ်ရီက တိချိုးဟယ်ကို တောင်းပန်သလိုကြည့်သည်။
" သခင်လေး တောင်းပန်ပါတယ် .. ကျွန်တော် သူ့ကို အပြင်ခေါ်သွားလိုက်ပါ့မယ်"

တိချိုးဟယ်က ခေါင်းညိတ်လိုက်သည်။ ဘေးကိုလှည့်ကြည့်တော့ ဟောပိုင် အိပ်ပျော်နေသည်ကိုတွေ့ကာ  အနှောင့်အယှက်ဖြစ်မည်စိုး၍ စောင်လေး ထပ်ခြုံပေးကာ သူပါ အပြင်ထွက်လာ၏။

တိချိုးဟယ် အိပ်ရာပေါ်မှ ဆင်းသွားသည်နှင့်တစ်ပြိုင်ထဲလိုလို ဟောပိုင်မှာ အိပ်မက်ထဲမျောကာ တစ်နေရာကို ဆွဲခေါ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

......

" ရဲအရာရှိခင်ဗျ.. ကျွန်တော် သတင်းပေးစရာရှိလို့ပါ..."

" ဒါကြီးက လူသတ်မှုနဲ့ မတူဘူးလား"

" သတင်းထူးတဲ့ဟေ့.. တိချိုးဟယ်က ကိုယ့်ကိုယ်ကို သတ်သေတာမဟုတ်ဘူး.. အသတ်ခံရတာတဲ့"

........

သူ့ခေါင်းထဲတွင် လည်နေသည့် ဆူညံသံများကြောင့် ဟောပိုင် အတော်လေး နာကျင်နေ၏။ လူနာတင်ယာဥ်မှ တဝီးဝီး ဥသြဆွဲသံ.. ရှေးဦးသူနာပြုများ အော်ဟစ်စကားပြောနေကြသံ.. ရဲအရာရှိများ ပြေးလွှားနေကြသံ.....

..........

" ခွေးပေါက်လေး.. မင်း အိပ်နေတုန်းပဲလား.. ဒီလောက်အိပ်နေတာ ညကျရင် အိပ်ပျော်ပါ့မလား"

နောက်ဆုံးမှပဲ ဟောပိုင် ကြားချင်နေသည့် အသံလေးကို ပြန်ကြားလိုက်ရသည်။

မျက်လုံးအစုံကို အားယူဖွင့်လိုက်တော့ တိချိုးဟယ်က သူ့အနားလျှောက်လာသည်ကို တွေ့ရသည်။ ပါးစပ်ဟလိုက်သော်လဲ စကားတစ်ခွန်းမှ မထွက်နိုင်တော့။ နာကျင်မှုကြောင့် အသိစိတ်လွတ်သွားပြန်၏။

OUR ( One Useless Rebirth) 2Where stories live. Discover now