Chapter 273 - ဇာတ်သိမ်း 1

2K 324 4
                                    

Unicode

weibo ပေါ် ပုံတင်သည့် ပြစ်မှုဖြင့် တိချိုးဟယ်တစ်ယောက် စာကြည့်ခန်းထဲ တစ်ပတ်လောက် အိပ်လိုက်ရသည်။ တရုတ်နှစ်ကူးအကြိုနေ့တွင် အခန်းထဲပြန်အိပ်ရသဖြင့် သူ ပြောမပြတတ်အောင် ​ပျော်နေသည်။

" ကျွန်တော်တို့ မနက်ဖြန် အဖိုးတို့အိမ်ကို စောစောလေးသွားကြမယ်နော်.. အဖိုးနဲ့ ဦးလေးဟူကို ကန်တော့ရအောင်.. ခင်ဗျား ဒီည အချိုးပြေပြေလေးနေ"
ဟောပိုင်က အရုပ်ပိုက်ကာ သူတို့ကြားထဲကိုလဲ အရုပ်တစ်ရုပ် ထားလိုက်သည်။ ဒီည သူ့ကို လာမထိရဟူသည့် သဘော။

" ဂွတ်နိုက် ချာတိတ်လေး.. နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ"
ထို့နောက် ဟောပိုင်က တစ်ဖက်လှည့်ကာ အိပ်နေသည်။

တိချိုးဟယ်မှာ မျှော်လင့်စောင့်ဆိုင်းနေသော မျက်လုံးဝိုင်းလေးများနှင့် ရလိုရငြား စိုက်ကြည့်နေသည်။

ဟောပိုင်ကတော့ တစ်ချက်လေးပင် လှည့်မလာပဲ မျက်လုံးတင်းတင်းမှိတ်ကာ အိပ်ပျော်သွား၏။

" အင်းပါ.. ခွေးပေါက်လေး အိပ်ပျော်အောင် အိပ်နော်"
တိချိုးဟယ်လဲ ဆက်မကြည့်တော့ပဲ နှုတ်ခမ်းဆူကာစောင်ဆွဲခြုံရင်း မီးပိတ်လိုက်သည်။

ငါးမိနစ်လောက်ကြာတော့ ဟောပိုင် အိပ်ပျော်နေရင်း သူ့ဘက်လှည့်ကာ သူတို့နှစ်ယောက်သား အချင်းချင်း ဖက်အိပ်သွားကြ၏။

တိချိုးဟယ်လဲ ကျေကျေနပ်နပ်ကြီး ပြုံးသွားကာ ဟောပိုင်ကိုဖက်ရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွား၏။

" ရှောင်ပိုင် .. ထတော့လေ"

ဟောပိုင်က မျက်လုံးကို အားယူဖွင့်ရင်း ကြောင်အသွားကာ မေးလိုက်သည်။
" နေပါဦး.. ဒါ ဘယ်နေရာလဲ .. ကျွန်တော်က ဘာလို့ကားထဲရောက်နေတာလဲ.. အဖိုးအိမ်ကို နှစ်သစ်ကူး ကန်တော့ဖို့ သွားရမှာ မဟုတ်ဘူးလား.. ကျွန်တော်တို့ ဘယ်သွားနေကြတာလဲ"

" D နိုင်ငံက ဟိုတစ်ခါသွားတဲ့ မြို့လေးလေ.. မင်းပဲ အဲ့မြို့မှာ တစ်ရာသီတစ်ခါ ဓာတ်ပုံသွားရိုက်ချင်တယ်ဆို"
တိချိုးဟယ်က မျက်နှာသုတ်ရန် ရေနွေးဆွတ်ထားသည့် ပုဝါကို လှမ်းပေးသည်။

OUR ( One Useless Rebirth) 2Where stories live. Discover now