Chapter 243 - Slap 4

1.7K 330 3
                                    

Unicode

" ဘာအိပ်မက်လဲ"
တိချိုးဟယ်က ဟောပိုင်ပါးချိုင့်လေးကို လက်နှင့်ထိုးကာ မေးလိုက်သည်။
" အိပ်မက်ထဲမှာ ကိုယ်ပါတယ်မလား"

ဟောပိုင်က ခေါင်းညိတ်သည်။
" အင်း ပါတယ်"

ထိုစကားကြောင့် တိချိုးဟယ် မျက်နှာ ပိုလင်းသွားကာ အတင်းပြောခိုင်းတော့သည်။
" ပြောပြလေ ပြောပြ"

" ခင်ဗျား ဝက်ကြီးဖြစ်သွား​ပြီးတော့ ကျွန်တော့်ကို တစ်ညလုံး နှိပ်စက်တာတဲ့... ကျွန်တော့် weibo မှာလဲ ခင်ဗျားလျှောက်တင်လိုက်တာ ရှင်းရှောင်ဖုန်း တစ်ညလုံး မအိပ်ရဘူးတဲ့"

တိချိုးဟယ် အပြုံးလေး ​ပျောက်ကွယ်သွားသည်။

" အဲ့ဒါ မပြီးသေးဘူး... ခင်ဗျား ဝက်ဝံရုပ်နဲ့ပဲ တစ်ချိန်လုံး ဆော့နေတာဆိုပြီးတော့..."

တိချိုးဟယ်က ပါးစပ်ပိတ်ကာ စောင်တစ်ထည်ဆွဲ၍ ပုန်းနေရန်လုပ်သည်။ ဟောပိုင်နှင့် မျက်နှာချင်း မဆိုင်ရဲတော့။

" ပြီးတော့ ကျွန်တော်အိပ်နေတာကို တစ်ချိန်လုံး ကြည့်နေတာတဲ့"

တိချိုးဟယ်က အိပ်ရာပေါ်မှ အသာလေး ဆင်းသွားသည်။

" အားရား ခါးတွေ နာလိုက်တာ"

ထိုစကားကြောက့် တိချိုးဟယ် အသာလေး ကုတင်ပေါ် ပြန်တက်ကာ ဟောပိုင်ကိုနှိပ်ပေးရသည်။

" ခြေထောက်တွေရောပဲ"

တိချိုးဟယ် လက်က အောက်ရောက်သွားသည်။

" လည်ပင်းလဲ နာနေတာ... ခင်ဗျားက အကြမ်းပတမ်း နမ်းတာကိုး"

တိချိုးဟယ်က မျက်လုံးလေးကျုံ့ကာ ဟောပိုင် လည်ပင်းကို ကြည့်သည်။ တကယ်လဲ အနီကွက်ကြီးကို တွေ့တော့ သူ့ကိုယ်သူပင် ညကအကြောင်း စဥ်းစားရင်း ကန်ချင်သွားမိသည်။ ထို့ကြောင့် ထိုနေရာကို ဖွဖွလေး မှုတ်ပေးလိုက်ရသည်။

ဟောပိုင်က အနှိပ်ခံလိုက်ရ၍ ကျေနပ်ကာ ခွင့်လွှတ်သည်ဆိုသော အကြည့်မျိုးနှင့် တိချိုးဟယ်ကို ဖက်သည်။
" ကျွန်တော့်ကို ပြန်ဖက်ပါဦး.. အိပ်ချင်သေးတယ်"

ထိုအခါမှ တိချိုးဟယ်၏ ပြောင်စပ်စပ် အပြုံး ပြန်ပေါ်လာသည်။

OUR ( One Useless Rebirth) 2Where stories live. Discover now